07 May 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ကျင်းပတဲ့ အခမ်းအနား ရုပ်သံမှတ်တမ်း

နှစ်စဉ် ဇွန်လမှာသာ ကျင်းပလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအတွက် မွေးနေ့ပွဲအကြိုနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို ပညာသင်ထောက်ပံ့ကြေးပေးတဲ့ အခမ်းအနားများကို မေလ (၅) ရက်နေ့မှာ NLD ဌာနချုပ်မှာ ကျင်းပပြုလုပ်ပါတယ်။ ဒီလို အခမ်းအနားတွေ ကျင်းပခွင့်နဲ့ တရားဝင်ပါတီ တခုအဖြစ် ရပ်တည်ခွင့် မရှိတော့ရင်တောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ လူထု အကျိုးပြုလုပ်ငန်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ခွင့်ရအောင် ကြိုးပမ်းသွားမယ်လို့ NLD ခေါင်းဆောင်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။