02 May 2010

ပေါ့လျော့မှုကြောင့် ကျည်လွတ်ထွက် CF-SSA ခြုံခိုတိုက်သည်ဟု လားရှိုးဒုတိုင်းမှူးစွပ်စွဲ

အပစ်ရပ် (၄၆ နှစ်မြောက် SSA မွေးနေ့) သျှမ်းပြည်တပ်မတော် တပ်မဟာ ၁

နအဖ စစ်ယာဉ်တန်းက မိမိဖာသာ ပေါ့လျော့မှုကြောင့် မိမိကျည်လွတ်ထွက်မှုကို အပစ်ရပ်သျှမ်းပြည် တပ်မတော်ခြုံ ခိုတိုက်ခိုက်သည်ဟု လားရှိုးဒုတိုင်းမှူးက SSA ရုံးတာဝန်ခံအားခေါ်ပြော စွပ်စွဲခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။




“မနေ့ကဖြစ်တဲ့ခြုံခိုတိုက်ခိုက်မှုဆိုတာ မဟုတ်ဘူး၊ ကျနော်တို့ အတိအကျ စုံစမ်းပြီးပြီ။ စစ်ယာဉ်တန်းက နအဖစစ်သား တွေပေါ့လျော့မှုကြောင့် သူတို့အော်တိုသေနတ် MA 79 ကျည်လွတ်ထွက်ပြီး သူတို့ အချင်းချင်းပြန် ထိမိတာ၊တယောက် သေတယ်၊ ၄ ယောက်ဒဏ်ရာရတယ်။ အဲဒါကိုလားရှိုးဒုတိုင်းမှူးက အသေအချာမစစ်ဆေး ဘဲနဲ့ ကျနော်တို့ လားရှိုး ရုံးတာဝန်ခံကို ဆင့်ခေါ်ပြီး ‘တပ်မဟာ ၁ က ခြုံ ခိုတိုက်ခိုက်တာ၊ ဒီကိစ္စတာဝန်မယူရင် စစ်ရေးနဲ့ ပြန်အရေးယူမယ်’ ပြောတယ်၊ အကြောင်းမရှိ အကြောင်းရှာပြီး စွပ်စွဲတာဘဲ” - ဟု တပ်မဟာ ၁ တပ်မှူး တဦးကပြောပါသည်။



ဧပြီ ၂၉ ရက် ခမယ ၃၂၆ တန့်ယန်း စစ်ယာဉ်တန်း ၃ စီး တန့်ယန်းဘက်မှ လားရှိုးဘက်သို့ ခရီးထွက်စဉ် မိုင်း ရယ်မြ့နယ် ဟိုယကျေးရွာအုပ်စု - ဟိုယ နှင့် လွိုင်ငင်း အကြား ၎င်းတို့ပေါ့လျော့မှုကြောင့် မတော်တဆ ဖြစ်ရသည့် ကိစ္စအပေါ် ရမခ (အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်) ဒုတိုင်းမှူးက မြောက်ပိုင်း အပစ်ရပ် သျှမ်းပြည် တပ်မတော် လက်ချက်အဖြစ် စွပ်စွဲသည်ဟု ဆိုသည်။

နအဖအာဏာပိုင်များ ပြဿနာအရင်းအမြစ် အတိအကျ စုံစမ်းသင့်ကြောင်း ၊ အပစ်ရပ် SSA ကို ယခုကဲ့ သို့ လက်လွတ် စပယ် လက်ညှိုးမထိုးသင့်ကြောင်း - ဤကဲ့သို့ ဆက်ပြော၏။

“(အပစ်ရပ်)သျှမ်းပြည်တပ်မတော် အနေနဲ့ စပစ်ဖို့ အမိန့်အာဏာမရှိ၊ နအဖ စစ်တပ်ကျူးကျော်လာမှ မိမိ ကိုယ်မိမိ ခုခံကာကွယ်ဖို့ဘဲရှိတယ်။ နအဖ နဲ့ ဗိုလ်မွန်းပေါင်းပြီး အကြံအဖန်ထုတ်တာလဲ ဖြစ်နိုင်တယ်။ တကယ်မတော်တဆဖြစ် တဲ့ကိစ္စ ဖြစ်ချင်ဖြစ်မယ်၊ တမင်ကြံဖန် လံကြိုပ် ဇာတ်လမ်းဆင်တာလဲဖြစ်နိုင်တယ်” - ဟုသျှမ်းသံ တော်ဆင့်သို့ပြန်လည် ပြောပြပါသည်။


၁၉၆၄ က စတင်တည်ထောင်ခဲ့သော သျှမ်းပြည်တပ်မတော်သည် ၁၉၈၉ တွင် (ထောင် ၁၀၆ နှစ် ကျခံနေ ရသည့် ) ဗိုလ်ချုပ်ဆေထဲန် ဦးဆောင် အပစ်ရပ်ခဲ့သည်။ အထူးဒေသ ၃ အပစ်ရပ် သျှမ်းပြည်တပ်မတော်အမည် ဖြင့် ရပ်တည် ခဲ့သော်လည်း ထိုစဉ် န၀တ က အထူးရဲ တပ်ဖွဲ့အနေဖြင့်သာ သဘောထားဆက်ဆံခဲ့သည်။


ယခုအသွင်ပြောင်းမည့်ကိစ္စတွင် CF - SSA အနေဖြင့် မူအားဖြင့်သာလက္ခံထားပြီး ‘လူသူလက်နက်စာရင်း တချို့ပေး ထားခဲ့သော်လည်း ရာနှုန်းပြည့်အသွင်ပြောင်းခြင်းမဟုတ်၊ သျှမ်းပြည်တပ်မတော် အမှတ်တံဆိပ် ဖြုတ်ပြီး ဌာနေ ပြည်သူ့ စစ်တံဆိပ်အစားထိုးတပ်ရမည်ဆိုပါက’ လုံးဝလက်ခံမည်မဟုတ်၊ ယခုအသွင်ပြောင်းစာရင်းပေးထားသည်မှာ လည်း ၁၀% လောက်သာရှိပြီး ၉၀% က လုံးဝ လက်မခံသေးကြောင်း အဆိုပါတပ်မှူး ကပြောပါသည်။ဤသတင်းကို သျှမ်းသံတော်ဆင့် တွင်ဖော်ပြထားပါသည်.။