06 May 2010

အမေရိကန်နိုင်ငံသား ခရီးသည် Mr Garrett Kostin ရဲ့  ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ် (Peace in Burma Now) စတစ်ကာများ။

မြန်မာနိုင်ငံကနေ ဗီဇာသက်တမ်းမပြည့်သေးဘဲ နအဖရဲ့  အတင်းအဓမ္မ နှင်ထုတ်ခြင်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ခရီးသည် Mr Garrett Kostin ရဲ့  ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ် (Peace in Burma Now) စတစ်ကာတွေကို သူလှည့်ပတ်ခဲ့တဲ့ နေရာများဖြစ်တဲ့ ဖားအံ၊ သီပေါ၊ မန္တလေး၊ ပြင်ဦးလွင် အစရှိတဲ့နေရာတွေမှာ အောက်ပါအတိုင်း တွေ့ မြင်ရပါတယ်။ မန္တလေးလေဆိပ်တွင်းမှာလည်း ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ် (Peace in Burma Now) စတစ်ကာတွေ ကပ်ခဲ့ကြောင်း သိရှိရပါတယ်။




မြန်မာပြည် ငြိမ်းချမ်းသာယာရေး၊ ပြည်သူပြည်သားများ အေးချမ်းသာယာရေးတို့ ကို ရည်စူးပြီး ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ် (Peace in Burma Now) စတစ်ကာ ကပ်ခဲ့တဲ့ Mr Garrett Kostin ရဲ့  ဆောင်ရွက်မှုကိုတော့ လေးစားမှတ်တမ်းတင်အပ်ပါတယ်။

မြန်မာပြည်မှာ ငြိမ်းချမ်းရေးချိုးငှက် အမှတ်တံဆိပ် စတစ်ကာ ကပ်တာ (ငြိမ်းချမ်းရေးချိုးငှက်) မတွေ့ ရဲ မမြင်ရဲတဲ့ နအဖအာဏာရူးတွေကတော့ ခွေးတံဆိပ် ဖွတ်တံဆိပ်တွေ ကပ်ရင်တော့ အားရ၀မ်းသာ ဖြစ်ကြမယ် ထင်ပါတယ်။

ပြန်လည် ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.