11 November 2011

MICB ဘဏ်ဝန်ထမ်းတစ်ဦး ကျပ်သိန်း ၉၀ ကျော် အလွဲသုံးစားလုပ်


မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) မှ ဘဏ်ဝန်ထမ်းတစ်ဦးက ချက်လက်မှတ်များတွင် စာရင်းပိုင်ရှင်များ ၏ နာမည် ဖြင့် ငွေ 91 သိန်းကျော်ကို လိမ်လည် ထုတ်ယူခဲ့ကြောင်း စုံစမ်း တွေ့ရှိရသဖြင့် ဗိုလ်တထောင်ရဲ စခန်းတွင် အမှုဖွင့် အရေးယူ ထားကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။ အဆိုပါ ဘဏ်ဝန်ထမ်းသည် လက်ထောက်မန်နေဂျာ အဆင့်ရှိသူဖြစ်ပြီး ချက်လက်မှတ်များတွင် စာရင်းပိုင်ရှင်များ၏ လက်မှတ် အတုများရေးထိုးပြီး တံဆိပ်တုံးအတုများကိုအသုံးပြုကာ ပြည်တွင်းဘဏ်လုပ်ငန်းဌာနမှ လိမ်လည်ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။ ထိုသို့ ထုတ်ယူခဲ့ခြင်း ကို ဘဏ်၏ ဌာန ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဝန်ထမ်းကို အရေးယူရန် စစ်ဆေးဆောင်ရွက်နေပြီး ဗိုလ်တထောင်ရဲစခန်းတွင် (ပ)၁၄၈/၂၀၁၁၊ ပုဒ်မ-၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်ဆိုသောသတင်းအား 7Day News Journal တွင်ဖော်ပြပါရှိပါသည်.။