True News သစ္စာ ဂျာနယ် ၀၈ ၁၁ ၁၁ ပါ မောင်ဝံသ မှန်တာပြောသစ္စာဆောင်းပါး။
ဖိုးသုညတွေ ကြီးစိုးလွှမ်းမိုးတဲ့ခေတ်
နိုင်ငံရေး သဘောတရားနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်က ဆရာဒဂုန်တာရာရဲ့ အဆိုအမိန့်တစ်ခုကို သတိရမိတယ်။ ဆရာက ]]နိုင်ငံရေးဆိုတာ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲဖို့ လူစုလူဝေးနဲ့ တောင်းဆို တာဖြစ်တယ်}} လို့ ပြောခဲ့တာဖြစ်တယ်ဗျ။ ဖတ်ဖူးခဲ့တာ ကြာပြီဆိုတော့ တိတိကျကျတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် အဓိက ဆိုလိုချက်ကတော့ အဲဒီအတိုင်းဖြစ်တယ်လို့ ကျွန်တော် ပြောနိုင်တယ်ဗျ။
ဓနဥစ္စာကို ဘယ်လို ခွဲဝေသလဲ
ဆရာ့ရဲ့စကားကို ကျွန်တော် နားလည်သဘောပေါက်တာကတော့ ကမ္ဘာမှာ ပေါ်ပေါက်ခဲ့သမျှ တော်လှန်ရေးတွေ၊ ပြည်တွင်းစစ်တွေ၊ လူထုအုံ
အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်း၊ နိုင်ငံရယ်လို့ ပေါ်ထွက်လာခဲ့ချိန်ကစပြီး လူသားတွေ ဒီကနေ့အထိ မပြတ်ရင်ဆိုင်နေကြရတဲ့ အဓိကပြဿနာကြီး တစ်ခုက အဲသလို ရလာတဲ့ဝင်ငွေတွေကို ခွဲဝေသုံးစွဲတဲ့ကိစ္စဖြစ်တယ်ဗျ။ လုပ်ပိုင်ခွင့် အာဏာကို ကိုင်တွယ်သုံးစွဲတဲ့ အုပ်ချုပ်သူ လူတန်းစား (အစိုးရ)နဲ့အုပ်ချုပ်ခံလူတန်းစား (ပြည်သူ)တို့ကြားမှာ အဲဒီဝင်ငွေခွဲဝေ သုံးစွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကွဲ ပြားမှုဟာ တစ်လျှောက်လုံး ရှိလာခဲ့တဲ့ အခြင်းအရာတစ်ခုဖြစ်တယ်ဗျာ။ အဲဒီသဘောထားကွဲပြားမှု နက်ရှိုင်းပြင်းထန်လာတဲ့အခါ သပိတ် တွေ၊ ဆန္ဒပြပွဲတွေ၊ လူထုအုံ
တရားမျှတမှု ကျဆုံးပြီဆိုရင်
အပ်နဲ့ထွင်းရုံနဲ့ ပြီးသွားနိုင်တဲ့ကိစ္စတစ်ခု ပုဆိန်နဲ့ပေါက်ရတဲ့ အခြေအနေအထိ ရောက်လာပြီရင်တော့ အားလုံးသိကြတဲ့အတိုင်း ထိခိုက်နစ်နာ ဆုံးရှုံးမှုက သိပ်ကိုကြီးတယ်ဗျ။ ]]ပြည်တွင်းစစ်တစ်ခုရဲ့ ပထမဆုံးသေနတ်သံ ပေါ်ထွက်လာချိန်မှာ အဲဒီသေနတ်ကျည်ဆန် ထိမှန်ပြီး ကျဆုံးသွားသူကတော့ တရားမျှတမှုဖြစ်တယ်}} ဆိုတဲ့ နာမည်ကျော်နိုင်ငံရေးအဆိုအမိန့်တစ်ခု ရှိတယ်ဗျ။ တရားမျှတမှု ကျဆုံးသွားပြီဆိုမှတော့ အဲဒီလူအဖွဲ့အစည်းဟာ ]တောတွင်းဥပဒေ Law of the Jungle ကြီးစိုးလွှမ်းမိုးရာ တိရစ္ဆာန်ကမ္ဘာအဖြစ်သို့ လျှောကျ သွားပြီပေါ့ဗျာ။ တိရစ္ဆာန်ကမ္ဘာဆိုတာ ငြိမ်းချမ်းမှုနိတ္ထိ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဗလာ၊ ဖွံ့ဖြိုးတိုးတက်မှု သုည ဖြစ်တယ်ဆိုတာ အားလုံး အသိ ဖြစ်တယ်ဗျ။
ဒီကနေ့ ကမ္ဘာကြီးကိုကြည့်လိုက်ရင် ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တယ်ဗျာ။ နိုင်ငံရဲ့ ဓနဥစ္စာကို မှန်မှန်ကန်ကန် နဲ့ တရားနည်းလမ်းကျစွာ ခွဲဝေမှုပြုနိုင်တဲ့ နိုင်ငံများဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်နေကြပြီး အဲသလို မလုပ်နိုင်တဲ့နိုင်ငံများကတော့ မုန်တိုင်းထန်နေကြတာ ဖြစ်တယ်ဗျ။
နိုင်ငံ နှစ်မျိုးနှစ်စား
နိုင်ငံရဲ့ဓနဥစ္စာ ခွဲဝေမှုစနစ်ကို ပြုပြင်ပြောင်းလဲဖို့ (တစ်နည်း) နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲဖို့ ပြည်သူတွေရဲ့ အုံ
ပထမအမျိုးအစားနိုင်ငံတွေမှာ လူထုကြီးရဲ့ ဆန္ဒ (နှိုင်းယှဉ်ချက်အရ) မြန်မြန်ဆန်ဆန်ပြည့်ဝနိုင်ခဲ့တာကြောင့် အဲဒီနိုင်ငံတွေဟာ ငြိမ်းချမ်း လွတ်လပ်ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ လမ်းကြောင်းပေါ်သို့ ထိခိုက်နစ်နာ ဆုံးရှုံးမှု နည်းပါးစွာနဲ့ ရောက်ရှိလာနိုင်ခဲ့ကြတယ် ဗျ။
ဒုတိယအမျိုးအစားနိုင်ငံတွေမှာတော့ ဥာဏ်ပညာ၊ အမြော်အမြင် နည်းပါးတဲ့ ဖိုးသုညတွေ ကြီးစိုး လွှမ်းမိုးတဲ့ အစိုးရတွေဟာ မိမိတို့ပြည်သူတွေရဲ့ တရားနဲ့ လျော်ညီတဲ့ဆန္ဒကို ဖီဆန်အာခံဆန့်ကျင်ပြီး မိမိတို့ အာဏာ တည်မြဲရေးအတွက်သာ ခေါင်းမာမာနဲ့ လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်ကကြည့်ရင် ကြီးစွာသော ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့ရတယ်ဗျ။ ]]ဖွတ် မိကျောင်းဖြစ် မြစ်မချမ်းသာ}}ဆိုတဲ့ စကားပုံနဲ့ကတော့ ကွက်တိပါပဲဗျာ။ (ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုက လူဖျင်းလူညံ့တွေကို ဖိုးသုညလို့ သုံးနှုန်းခဲ့တာ သဘောကျလွန်းလို့ ယူသုံးလိုက်တာပါ။)
အာရပ်နွေဦးဒေသနိုင်ငံများရဲ့ ဆုံးရှုံးမှု
IMF ရဲ့ အချက်အလက်တွေကို အသုံးပြုပြီး ပထ၀ီနိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့က မကြာသေးခင်က ထုတ်ပြန် ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်အရ ]]အာရပ်နွေဦး}} လို့ တင်စားခေါ်ဝေါ်နေကြတဲ့ လူထုအုံကြွမှုများ ပေါ်ပေါက်ခဲ့ရာ လစ်ဗျား၊ ဆီးရီးယား၊ အီဂျစ်၊ တူနီးရှား၊ ဘာရိန်းနဲ့ ယီမင်နိုင်ငံတွေရဲ့ စုစုပေါင်းGDPဆုံးရှုံးမှု ဒေါ်လာ ၂၀.၆၅ ဘီလျံနဲ့ ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးမှု ဒေါ်လာ ၃၅.၂၈ ဘီလျံရှိခဲ့တယ်လို့ သိရတယ်ဗျ။ ယီမင်နဲ့ လစ်ဗျားဟာ အခွန်အခ ဆုံးရှုံးမှု အဆိုးရွားဆုံးခံခဲ့ရတဲ့ နိုင်ငံတွေဖြစ်ပြီး ယီမင်က ၇၇% နဲ့ လစ်ဗျားက ၈၄% ဖြစ်တယ်လို့ ဆိုတယ်ဗျ။ လူထုအုံကြွမှုနဲ့ မငြိမ်မသက်ဖြစ်မှုများကြောင့် နိုင်ငံရဲ့GDP အများဆုံး ဆုံးရှုံးခဲ့ရတဲ့နိုင်ငံက လစ်ဗျားဖြစ်ပြီး ဒေါ်လာ ၇.၆၇ ဘီလျံဆုံးရှုံးခဲ့ရတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ လူ့အသက်ဆုံးရှုံးမှုတွေ၊ အခြေခံ အဆောက်အအုံပျက်စီးမှုတွေ၊ စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ဆုံးရှုံးသွားခဲ့မှုတွေ မပါသေးဘူးလို့ ဆိုတယ်ဗျာ။ အဲဒါတွေပါ ထည့်တွက်ရင်တော့ ဆုံးရှုံးမှုဟာ မကြည့်ရဲလောက်အောင် ဖြစ်သွားနိုင်တယ်ဗျာ။
အဲဒါဟာ ပြည်သူတွေရဲ့ တရားနည်းလမ်းကျတဲ့ ဆန္ဒကို ဥာဏ်ပညာအမြော်အမြင်နည်းပါးတဲ့ ဖိုးသုညအစိုးရတွေရဲ့ မိုက်မဲစွာ အာခံ ဆန့်ကျင်ခဲ့မှုတွေကြောင့် သက်ဆိုင်ရာနိုင်ငံတွေ ကုန်ကျခဲ့ရတဲ့ စရိတ်တွေ ဖြစ်တယ်ဗျာ။
ကိုယ့်နိုင်ငံအတွက် စိတ်သက်သာရာရမိ
ဒီရေကို လက်ဖ၀ါးနဲ့တားဖို့ ကြိုးစားခဲ့တဲ့ လူတစ်ယောက် သို့မဟုတ် လူတစ်စုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု အများအပြားနဲ့ ကြုံတွေ့ခဲ့ကြရတဲ့ အဲဒီနိုင်ငံတွေက ပြည်သူတွေအတွက် စာနာစိတ်တွေဖြစ်ပေါ်နေမိတဲ့ တစ်ချိန်တည်းမှာ သူတို့ဆီက ကပ်ဘေးဆိုးမျိုးကို ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်ပုံရတဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့ စိတ်သက်သာရာရမိသလို ခံစားနေရတယ်ဗျာ။
၀၁ ၁၁ ၁၁
ပြည်သူ့ခေတ်ဂျာနယ် ယခုအပတ်ထုတ်ပါ မောင်ဝံသ / ပြောချင်လွန်းလို့ဆောင်းပါး။
အမျိုးသားညီညွတ်ရေး အယူအဆအချို့
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့အတွက် အမျိုးသား ညီညွတ်ရေးဟာ သော့ချက်ဖြစ်တယ်လို့ ပြောကြတဲ့အခါ ဘယ်သူမှ ငြင်း ကြမှာ မဟုတ်ဘူးဆိုတာ သေချာပေမယ့် အဲဒီစကားကို နားလည်သဘောပေါက်ပုံဟာ အမြဲတမ်း နှစ်မျိုး ဖြစ်နေတယ်လို့ ကျွန်တော် ခံစား မိတယ်ဗျ။
တစ်မျိုးက ညီညွတ်ရေးရဲ့ အကျိုးငှာ ညီညွတ်ရေးရအောင် မဖြစ် ဖြစ်တဲ့နည်းနဲ့ လုပ်ရမယ်ဆိုတဲ့ စဉ်းစားပုံဖြစ်ပါတယ်။ Unity for unity's sake လို့ ပြောလေ့ရှိတယ်ဗျ။ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးအတွက် အမျိုးသား ညီညွတ်ရေး လိုအပ်တယ်ဆိုပြီး စဉ်းစားရာကနေ အဲဒီဖြစ်စဉ် သို့မဟုတ် လုပ်ငန်းစဉ်အတွင်း ကျော်လွှားလွန်မြောက်ဖို့ အင်မတန်မှ ခက်ခဲတဲ့ အတား အဆီး အပိတ်အဆို့တွေ တစ်စတစ်စ ပိုမိုများပြားစွာ တွေ့လာရတဲ့အခါ တရွေ့ရွေ့ လမ်းချော်လာတယ်။ အကျိုးဆက်အဖြစ် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာရေးဆိုတဲ့ ပန်းတိုင်က မှေးမှိန်လာပြီး သူ့နေရာမှာ အမျိုးသား ညီညွတ်ရေးရဖို့အတွက် အမျိုးသား ညီညွတ်ရေး ရကိုရမှ ဖြစ်မယ်ဆိုတဲ့ ပန်းတိုင်က အစားထိုး ၀င်ရောက်လာတယ်။ တကယ်က အမျိုးသား ညီညွတ်ရေးဆိုတာ ပန်းတိုင် မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ ဆိုတာက ပန်းတိုင် အစစ် ဖြစ်ရမှာပါ။ အမျိုးသားညီညွတ်ရေးသာ ပထမ၊ ပဓာန၊ အဓိကဆိုတဲ့ အတွေးနဲ့ အမျိုးသား ညီညွတ်ရေးရဖို့ ဘယ်နည်းနဲ့မဆို လုပ်ရမယ်ဆိုတဲ့ နားလည်သဘောပေါက်ပုံမျိုးဟာ လွဲချော်တဲ့ အတွေး အခေါ်သာ ဖြစ်ပါတယ်။ သမိုင်းမှာ ကျွန်တော်တို့ ကြားခဲ့ ဖတ်ခဲ့ရဖူးတဲ့ ]]ပြည်သူလူထုရဲ့ ထောက်ခံမှု}} ၉၉.၉၉% ဆိုတဲ့ ဖော်ပြချက်မျိုးတွေဟာ အဲဒီစဉ်းစားပုံ စဉ်းစားနည်းကနေ ပေါ်ထွက်လာတာ ဖြစ်တယ်ဗျ။
ညီညွတ်ရေးအတွက် ပိုင်ခွင့်တွေ ရုပ်သိမ်းခံရတာမျိုး
နောက်တစ်မျိုးကတော့ ]]ပြည်သူ့အကျိုးအတွက် ညီညွတ်ရေး}}Unity for people's Sake ဆိုတဲ့ စဉ်းစားပုံဖြစ်တယ်ဗျ။ အမျိုး သားညီညွတ်ရေးဟာ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် ပြည်သူ့အကျိုး အတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာကို လက်ခံပေမယ့် အမျိုးသား ညီညွတ်ရေးဟာ ပြည်သူ့အကျိုးကို ကျော်နင်းလွှမ်းမိုးသွားတာမျိုးကို ဒီစဉ်းစားပုံက ခွင့်မပြုဘူး။ ဆိုလိုတာက အမျိုးသားညီညွတ်ရေး ရဖို့ဆိုရင် မွေးရာပါ အခြေခံရပိုင်ခွင့်များ အပါအ၀င် ပြည်သူတွေရဲ့ အခွင့်အရေးများကိုပါ ပယ်ဖျက်ရုပ်သိမ်းပြီး လုပ်ဆောင်ရမယ်ဆိုတဲ့ အတွေးအခေါ်ကို ဒီစဉ်းစားပုံက လက်မခံတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်ဗျာ။
လက်တွေ့လုပ်ပြသွားတဲ့ ဗိုလ်ချုပ်
စစ်မှန်တဲ့ အမျိုးသားညီညွတ်ရေးဆိုတာ မတူကွဲပြား ခြားနားတဲ့ အရောင်တွေကို အလင်းအမှောင် အဖိအဖော့ အချိုးအဆ မှန်ကန်စွာ ပေါင်းစပ်ထားတဲ့ ပန်းချီကားတစ်ချပ်လိုပဲ မတူကွဲပြားခြားနားတဲ့ သဘောထား အမြင် ရပ်တည်ချက်တွေကို လေးစားတန်ဖိုးထား ပြီး စိတ်ရှည်ရှည် သဘောထားကြီးကြီးနဲ့ တည်ဆောက်မှသာ ရနိုင်တဲ့ ရတနာတစ်ပါးဖြစ်တယ် ဆိုတာကို အပြည့်အ၀ဆုံးနားလည်ပြီး နားလည်တဲ့အတိုင်း အကောင်းဆုံး လုပ်ပြသွားနိုင်ခဲ့သူကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်တယ်ဗျ။
အခုအချိန်မှာ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ စာအုပ်တွေ ရာချီရှိနေပြီမို့ ဗိုလ်ချုပ်အကြောင်းလေ့လာလိုလျှင် ရှုထောင့်စုံက လေ့လာနိုင်ပါပြီဗျာ။ အဲဒီထဲမှာ အမျိုးသားညီညွတ်ရေးကို ဗိုလ်ချုပ် ဘယ်လို နားလည်သဘောပေါက် ခံယူပြီး ဘယ်လိုကြိုးပမ်းလုပ်ဆောင်ခဲ့တယ် ဆိုတဲ့ အချက်တွေလည်း အများအပြား ပါဝင်နေတယ်ဗျ။
ခွဲထွက်ခွင့် သဘောတူခဲ့ခြင်း
အဲဒီလုပ်ရပ်တွေထဲမှာ အထင်ရှားဆုံးကတော့ ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့် ပုဒ်မ ထည့်ပေးဖို့ တိုင်းရင်းသား ညီအစ်ကိုများရဲ့ တောင်းဆိုချက်ကို သဘောတူခဲ့တာဟာ အထင်ရှားဆုံး ဖြစ်ပါတယ်ဗျာ။ ခွဲထွက်ခွင့်ဆိုတာ အမျိုးသားညီညွတ်ရေးနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲလို့ ရှုမြင်နိုင်စရာရှိပေမယ့် သတ်မှတ်ထားတဲ့ကာလအတွင်း တိုင်းရင်းသားတွေရဲ့ သံသယတွေ ကျေပျက်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ ယုံကြည်တာက တစ်ကြောင်း၊ အမျိုးသား ညီညွတ်ရေးက တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေးများအပေါ် လွှမ်းမိုးကျော်နင်းသွားတာ မျိုး မဖြစ်စေချင်တာကလည်း တစ်ကြောင်းတို့ကြောင့် ခွင့်ပြုခဲ့တာဖြစ်တယ်ဗျ။
ဖဆပလနှင့် ညီညွတ်ရေးကြိုးပမ်းမှု
နောက်တစ်ခုကတော့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ဖို့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ကြီး အဖွဲ့ကြီး ဖွဲ့စည်းခဲ့ပုံ သာဓက ဖြစ်တယ်ဗျာ။ (ပထမအမည်က ဖတပလ၊ တော်လှန်ရေးပြီးသွားတော့ ဖဆပလ ဖြစ်လာပါတယ်။)
မြန်မာနိုင်ငံမှာ ပဒေသရာဇ် ခေတ် အဆုံးသတ်ခံရပြီး သူ့ကျွန်ဖြစ်ရ တဲ့နောက်ပိုင်း ပထမဆုံးပေါ်ထွက် လာခဲ့တဲ့ အမျိုးသား တပ်မတော်ကြီးရဲ့ အကြီးအကဲဖြစ်နေပေမယ့် ထမ်းဆောင်ရမယ့် တော်လှန်ရေးတာဝန်ရဲ့ ကြီးမား လေးနက်ပုံကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ခဲ့တဲ့ ဗိုလ်ချုပ်ဟာ ငါ့မြင်းငါစိုင်း မလုပ်ဘဲ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ တို့နဲ့ ပူးပေါင်းပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ကြီး ဖွဲ့စည်းခဲ့တာကိုကြည့်ရင် ဗိုလ်ချုပ်ရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ပတ်သက်တဲ့ ကြီးမားတဲ့အမြော်အမြင်ကို နားလည်နိုင်တယ်ဗျာ။
ဒါ့အပြင် ဂျပန်တော်လှန်ရေးအပြီး ဖ.ဆ.ပ.လ အဖွဲ့ကြီး တိုးချဲ့ရာမှာ ဘကြီးဘဘေလို လက်ျာနိုင်ငံရေးသမားဟောင်းကြီးတွေကိုပါ ထည့်သွင်းခဲ့ကာ မိမိအပေါ် အထင်အမြင်လွဲမှားနေတဲ့ ဂဠုန်ဦးစောကို မိမိကိုယ်မိမိ နှိမ့်ချမှု အပြည့်နဲ့ လိုက်လိုက်လျောလျော ဆက်ဆံခဲ့တာ၊ အိုင်စီအက်စ် ဦးတင်ထွဋ်အစရှိတဲ့ အုပ်ချုပ်ရေး အတွေ့အကြုံရှိသူ ပညာတတ်တွေကို နေရာပေးခဲ့တာတွေက ဗိုလ်ချုပ်ရဲ့ အမျိုးသား ညီညွတ်ရေးအတွက် အမြော်အမြင်ကြီးမှုကို ဖော်ပြနေတယ်မဟုတ်ပါလားဗျာ။
တရားနည်းလမ်းတကျသာ
အမျိုးသားညီညွတ်ရေးဟာ ပြည်သူ့အကျိုး (အဲဒီတုန်းကတော့ လွတ်လပ်ရေးပန်းတိုင်ပေါ့ဗျာ)အတွက် အင်မတန်အရေးကြီးတယ်ဆိုတာကို နှလုံးသွင်းထားပေမယ့် အမျိုးသားညီညွတ်ရေးရဖို့အတွက် ဗိုလ်ချုပ်ဟာ တရားနဲ့လျော်ညီတဲ့ နည်းလမ်းများကိုသာ အစဉ်ပြုခဲ့သူ ဖြစ်တယ်ဆိုတာ အဲဒီဖြစ်ရပ်တွေကို ကြည့်ရင် သိနိုင်တယ်ဗျ။
တကယ်တော့လည်း အမျိုးသားညီညွတ်ရေးဆိုတာ အမျိုးသားရေး အကျပ်အတည်းကြီးတစ် ခုခု ပေါ်ပေါက်နေချိန်မှာ ဗိုလ်ချုပ်လို ရိုးသားဖြူစင် ဖြောင့်မတ် ထက်မြက်ပြီး တိုင်းပြည်အပေါ် စေတနာကောင်း အပြည့်ရှိတဲ့ ခေါင်းဆောင်မျိုးကသာ စိတ်ရှည်ရှည်သဘောထား ကြီးကြီး အမြော်အမြင်ရှိရှိနဲ့ တည်ဆောက်နိုင်တဲ့ အရာမျိုးဖြစ်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် တူတူ မတူတူ ညီညွတ်ကြ ဆိုပြီး အတင်းအကျပ် တည်ဆောက်လို့ရတာမျိုး မဟုတ်ဘူးဗျ။
ကျွန်တော် တွေးမိတာလေးတွေကို စာဖတ်သူများရဲ့ မူလအတွေးနဲ့ တိုက်ဆိုင်ကြည့်နိုင်ဖို့ ဝေမျှလိုက်ခြင်း ဖြစ်ကြောင်းပါဗျာ။
၀၁ ၁၁ ၁၁.။