09 November 2011

မန္တလေးကျောက်ဝိုင်း ဖျက်သိမ်း မည့် သတင်းများ ထွက်ပေါ်

မန်းကျောက်ဝိုင်း ဖျက်သိမ်း မည့် သတင်းများ ထွက်ပေါ်နေခြင်း ကြောင့် မန်းကျောက်ဝိုင်း ဈေးကွက် အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်လျက် ရှိကြောင်း သိရသည် ။ကျောက် ဝိုင်း ဖျက်သိမ်းမည်ဆို သည့်သတင်းမှာ အောက်တိုဘာလ ဒုတိယပတ်အတွင်းထွက်ပေါ်လာခဲ့ ပြီးယင်းသတင်းကြောင့်ကျောက်ဝိုင်း အတွင်းအခြေချလုပ်ကိုင်ေ နကြသည့် ဆိုင်ခန်းအငှား အချို့နှင့် ပျံကျရောင်း ဝယ်လုပ်ကိုင် နေကြသူအများစုမှာ လုပ်ငန်းနေရာပျောက်မည်ကို စိုးရိမ် နေကြကြောင်း သိရသည်။”ဖျက်မယ်ဆိုတဲ့ သတင်းက အတိအကျကိုကြားထားတာ၊ အစည်း အဝေးလည်း လုပ်ပြီးပြီ ပြောတယ်၊ စီမံကိန်းနဲ့လုပ်သွားမယ်ပေါ့၊ တကယ် ဖျက်မယ်ဆိုရင်တော့ ဝိုင်းထဲကဆိုင် ခန်းအငှားတွေနဲ့ ပျံကျတွေ နေရာ ပျောက်တာပဲ၊ ဘယ်သွားလုပ်စားရ မှန်းမသိဖြစ်သွားမှာ” ဟု ကျောက် ဝိုင်းပွဲစား တစ်ဦးက ပြောသည်။ကျောက်ဝိုင်းဖျက်သိမ်းမည့် သတင်းမှာမန္တလေးမြို့တွင်းကျောက် မျက်အချောထည် ဈေးကွက် ဖော် ထုတ်တည်ဆောက်ရန်စီစဉ်နေသည့် အကြောင်းအပေါ်အခြေခံထွက်ပေါ် လာခြင်း ဖြစ် သည်။”ဖျက်သိမ်းမယ်ဆိုတဲ့ သတင်း တွေ ကျွန်တော်တို့လည်း ကြားပါ တယ်၊ ဒါပေမဲ့ ဒါက မဖြစ်နိုင်ပါဘူး၊ ဒီလိုပဲကောလဟလပြောကြတာပါ” ဟုကျောက်ဝိုင်းအကျိုးေ ဆာင်ကော်မ တီတာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းကဲ့သို့ပင် လွန်ခဲ့သောဆယ် နှစ်ကျော်ကာလအတွင်းကလည်း ကျောက်ဝိုင်းဖျက်သိမ်းမည့်သတင်း များထွက်ေ ပ်ါခဲ့ဖူးကြောင်းသိရသည်။”ဆိုင်ခန်းသမားတွေက တစ် ခန်းကို သိန်းရာကျော် ပေးထားရ တာ၊ ဖျက်သိမ်းလို့အစားပြန်ရရင်ခံ သာပေမယ့်၊ ဘာမှမရဘူးဆိုရင် တော့ နစ်နာမှုတွေရှိလာနိုင်တယ်” ဟု ဆိုင်ဖျက်သိမ်းလျှင် ကြုံတွေ့ရ နိုင်သည့် အခြေ အနေနှင့်ပတ်သက် ၍ ဆိုင်ခန်းရှင်တစ်ဦးက ပြောသည် ။ကျောက်မျက်အချော ထည် ဈေးကို တခြားနေရာသစ် လုပ် ဆောင်ဖြစ်လျှင်ပင် ကျောက်ဝိုင်း ဖျက်သိမ်း ရန်မှာမသေချာကြောင်း ကျောက်မျက် အသင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦး က ပြော သည်။သို့ရာတွင် ကျောက်ဝိုင်း ဖျက် သိမ်းမည် မဖျက်သိမ်းမည်မှာ တိကျ သေချာ မသိရှိရသေးဘဲ ဖျက်သိမ်း ၍ နစ်နာမှုများမည်ဆိုပါက စဉ်းစား သင့်ကြောင်းနှင့် ဝိုင်းအတွင်း လုပ် ကိုင်စားသောက်နေသူများမှတောင်း ဆိုမှု ပြုလုပ်သင့်ကြောင်းလေ့လာ သူတစ်ဦးက ပြောသည်ဟုPopular News တွင်ထိုသတင်းအားဖော်ပြထားသည်.။