10 November 2011

ဒေါ်အောင်ဆန်းစုကြည်၏ တစ်နှစ်တာ ပုံရိပ်အချို့


၂ဝ၁ဝ ပြည့်နှစ်နိုဝင်ဘာ ၁၃ရက်နေ့။ ပြည်သူတို့၏ တစ်ထစ်ချ ယုံကြည်မှုတွင် ဒေါ်အောင်ဆန်းစုကြည် သည် လွတ်လာမည်။ ညနေ ၄ နာရီ ကျော်ကျော် ခန့်တွင် တက္က သိုလ်ရိပ်သာလမ်းရှိ သံဆူကြိုး အကာအရံများ ဖြုတ်ပစ်လိုက်ပြီ ဆိုသောသတင်းက မျှော်လင့် ချက်တို့ကို ရင်ခုန်လှုပ်ရှားသွား စေခဲ့သည်။ ထိုအချိန်အထိ ရွှေဂုံတိုင် တွင်ရှိနေသောလူစုက ဒေါ်အောင်ဆန်း စုကြည် ရောက်လာမည်ကို ယုံကြည် ၍ ဆက်လက် စောင့်ကြိုနေခဲ့သည်။ သံဆူးကြိုးများ ဖယ်လိုက်ခြင်း နှင့်အတူ တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံဝင်းအတွင်းမှ သွက်လက်လှုပ်ရှား သောခြေလှမ်းများဖြင့်ဒေါ်အောင်ဆန်း စုကြည် ထွက်ပေါ်လာသည်။

ကျန်းမာပါစေ … ကျန်းမာပါစေ။ ယင်းသို့ ဟစ်ကြွေးသံများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ခြံဝတံခါး ထက်ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာ၊ ပြည်သူ၏ မေတ္တာတွေ ပေါင်းကူးကာ မျှော်လင့်ချက်
တို့ ဖြေဆည်ခဲ့ ကြသည်။ ဒေါ်အောင်ဆန်းစုကြည်တကယ် လွတ်လာပြီ။ သို့သော် မချင့်မရဲ စိတ်ရှိသူတို့က တကယ်မှ ဟုတ်ရဲ့ လား။ အိပ်မက်လေလား။ တချို့က ပြန်သော်လည်း အများစုက မပြန် လို ကြသေး။ သူတို့ ရင်ခုန်နေသည်။ ပျော်ရွှင်နေသည်။ ဝမ်းသာ မျက် ရည်ဖြင့် ခံစားချက်တွေ ဖလှယ် ကြသည်။

၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နေ့ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက သူမ ယနေ့ ၁၂ နာရီ တွင် ရွှေဂုံတိုင်၌ ပြည်သူလူထုနှင့် တွေ့မည်ဟု ပြောကြားလိုက်သဖြင့် နံနက် ၇ နာရီခန့်ကတည်းက တဖွဲဖွဲ ရောက်လာသည်။ သူမ မိန့်ခွန်း စပြောချိန်တွင် သောင်းနှင့်ချီသော လူအုပ်ကြီးက ရွှေဂုံတိုင် လမ်းမကြီး ပေါ်၌ ကြက်ပျံမကျ စည်ကား ၍ နေသည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၂၃ ရက်။ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်း မိခင်ထံရောက်လာသည်။ နှစ်ပတ်ကြာ မိခင်နှင့် နေထိုင် သွားသည်ဟု သိရသည်မှအပ အခြားသတင်း အစအနမှ မရ။ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ၊ ဒီဇင်ဘာ။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊ ဒေါ်အောင်ဆန်း စုကြည် လှုပ်ရှားမှု တို့ကို ပြည်သူတွေ ဆက်တိုက် နားစွင့်လို့ နေသည်။ ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့။ သူမ၏ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်း ဒုတိယအကြိမ် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သား နှင့်အတူ ချစ်သောသူများ သမိုင်းဝင် ပုဂံသို့ ဘုရားဖူးသွားကြသည်။ ထိုလ အတွင်း ဘာသာရေး အလေးထား သော ဒေါ်အောင်ဆန်းစုကြည်၊ သီတဂူ ဆရာတော်နှင့်ပါ တွေ့ဆုံ၍ ဖူးမြော်ကန်တော့ အဆုံးအမ နာယူခဲ့သည်။ ထိုနှစ် ဇူလိုင်လ ၁၉ ရက် အားလုံးက မမေ့နိုင်သော အာဇာ နည် ခေါင်းဆောင်ကြီးများ။ ယင်း အကြောင်းအရာနှင့်အတူ ဒေါ်အောင် ဆန်းစုကြည်၏ ပုံရိပ်တို့ ပြည်သူနှင့် အနီးကပ်ပြန်လည် ထိတွေ့မိပြန်သည်။

၉ နှစ်တာကာလအတွင်း အာဇာနည် ကုန်းသို့တက်၍ ကွယ်လွန်သူ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များအား ဂါရဝပြု လွမ်းသူ့ ပန်းခွေ ချသည်။ ဇူလိုင်လ ၂၅ ရက်နေ့။နေအိမ် အကျယ်ချုပ် လွတ်မြောက်ပြီးနောက် အစိုးရသစ်၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခဲ့မှုသည် ထင်မှတ် မထား သော ပထဆုံး ဆုံချက်။ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ဒုတိယအကြိမ် ဝန်ကြီး ဦးအောင်ကြည်နှင့် ပြန်လည် တွေ့ဆုံ သည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် ပဲခူးမြို့သို့ ခရီးသွား၊ စာကြည့်တိုက် ဖွင့်ပွဲတက်၊ ရေဘေး ဒုက္ခသည် စခန်းသို့သွား၊ ထို့နောက် ဘုရားဖူး သည်။ သြဂုတ်လ ၁၉ ရက်နေ့ အား လုံး မျှော်လင့်မထား မှင်တက် သွားစေသောအကြောင်းအရာတစ်ခု ပေါ်လာသည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် အစိုးရသစ်၏ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် တွင် တွေ့ဆုံသည်။ တိုင်းပြည်တစ်ခုထဲမှာ အမိုးတစ်ခုရဲ့အောက်မှာ ယင်းသို့ အဓိပ္ပာယ် ကောက်ယူရနိုင်သော မြင်ကွင်းမျိုး။ မယုံတစ်ဝက်ယုံ တစ်ဝက်။ အိပ်တစ်ဝက် နိုးတစ်ဝက် အိပ်မက်လေလား။ နေပြည်တော်၌ ရှိနေစဉ် ပထမဆုံးအကြိမ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲပါ တက်ရောက်ခဲ့သည်။ သြဂုတ်လ ၂၄ ရက်နေ့တွင် ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ တာကွင်တားနားနှင့်တွေ့ဆုံမှုအပါအ ဝင် ယခုလအတွင်း သံတမန်အချို့ နှင့်တွေ့ဆုံမှု များသည် ပိုမိုပွင့်လင်း လာပြန်သည်။

၂ဝ၁၁ ခုနှစ် စက်တင်ဘာလ။ လွတ်လပ်ပွင့်လင်းမှုတို့၏ အရိပ် အယောင်တစ်စတစ်စ ပိုမိုထင်သာ လာသည်။ အချို့က တွေ့ဆုံ ဆွေးနွေးမှုများကို မြန်ဆန်၍ စိုးရိမ်ရ သည်ဆိုသည်။ အချို့က တွေ့ဆုံ ဆွေးနွေးမှုပြုသည်များ နှေးကွေး သည်ဆိုပြန်သည်။ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုက ဒေါ်အောင် ဆန်း စုကြည်အား မီဒီယာမှတစ်ဆင့် သူမ ၏ ခံယူချက်၊ လုပ်ဆောင်မှု ထင် သာမြင်သာရှိလာခြင်းကို ပို၍ပို၍ မျှော်လင့်လာကြပြီး အနောက်အုပ်စု အပါ အဝင် နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် ထိတွေ့ဆက်ဆံမှုသည် များသထက် များလာသည်။

စက် တင်ဘာ ၉ ရက်နေ့မှ ၁၄ ရက် အထိ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ လာရောက်သော အမေရိကန်အထူး ကိုယ်စားလှယ် ဒဲရစ်မစ်ချယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ပြီး ယခုလအတွင်း ပြည်သူတစ်ရပ်လုံးက စိုးရိမ်ကြောင့်ကြနေ သော ဧရာဝတီ မြစ်ဆုံစီမံကိန်းအား ရပ်တန့်ပေး ရန် ပြည်သူနှင့်တစ်သားတည်း တောင်းဆိုခဲ့သည်။ ထူးထူးခြားခြား ဧရာဝတီနှင့်ပတ်သက်သော ပြပွဲနှင့် ဆွေးနွေးပွဲ ၈ ပွဲပြုလုပ်ရာ ဖိတ် ကြားသမျှပွဲတိုင်း ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့သည်။ မီဒီယာစာမျက်နှာများပေါ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာ ဗျူးများဝေဝေ ဆာဆာဖော်ပြ လာသည်။ ထိုကာလတွေ့ဆုံဆွေးနွေးမှုများနှင့် နိုင်ငံရေးအခင်းအကျင်းပေါ် ဒေါ် အောင်ဆန်းစုကြည်၏ မှတ်ချက်က ”တိုင်းပြည်အတွက်အသုံးချတယ် ဆိုရင်လည်း အသုံးချပေါ့၊ ရပါတယ်” ဟု အရိုးသားဆုံး ခံယူချက်။ စက်တင်ဘာ ၃ဝ ရက် နံနက်ပိုင်း ကတည်းက ကြားရသော ဧရာဝတီ မြစ်ဆုံ စီမံကိန်း ရပ်နားသတင်းနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည်တို့၏ တတိယ အကြိမ်မြောက် တွေ့ဆုံမှု။ ယင်းနေ့ သည် မင်္ဂလာရှိသော ပြည်သူတို့ စိတ်နှလုံးအေးချမ်းခဲ့သော နေ့ တစ်နေ့ ဖြစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်အောက်တိုဘာလ ၃ဝ ရက်နေ့ စတုတ္ထအကြိမ်မြောက် ဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ ပြီ။ တွေ့ဆုံ ဆွေးနွေးမှုတို့၏ ထုတ် ပြန်ချက်များ ထင်သာမြင်သာမရှိ သည့်တိုင် ယခုကာလ ဒေါ်အောင် ဆန်းစုကြည်၏ လှုပ်ရှားမှုတို့က လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်ရေး။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားတို့အပြင် မလေးရှားဝန် ကြီးချုပ် ဟောင်း တွန်ဒေါက်တာ မဟာသီယာမိုဟာမက်။ နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အတွင်း လာရောက် သည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ်မစ် ချယ်နှင့် အမေရိကန် ဒီမိုကရေစီ လူ့အခွင့် အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်အိုစနာတို့နှင့်ပါ တွေ့ဆုံခဲ့ သည်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေ့ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက် ခြင်း တစ်နှစ်တင်းတင်း ပြည့်မည် ဖြစ်သည်။ တစ်နှစ်တာ ကာလ အတွင်း လွတ်မြောက်ပြီးချိန်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင် လစာ များ တိုးမြှင့်ရရှိမှု ၂ဝ၁၁ ခုနှစ် မေလ ၁၇ ရက်နေ့၌ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄ဝ ကျော်နှင့် အလုပ်စခန်း ၁ဝဝ ကျော်မှ အကျဉ်း သား ၁၄၆ဝဝ လွှတ်ပေးမှု၊ သေဒဏ် ကျ အကျဉ်းသား ၃၄၈ ဦးအား ထောင်ဒဏ်တစ်သက် လျှော့ပေါ့မှု နှင့် အကျဉ်းသားအားလုံးကို အပြစ်ဒဏ် တစ်နှစ်လျှော့ချပေးမှု၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှု၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ ၃ဝဝ ခန့်အပါအဝင် ကျန်းမာရေးမကောင်းသူ အကျဉ်း သားများ လွတ်ငြိမ်းခွင့်ရရှိခဲ့သည်။ ယုံကြည်ချက်နှင့်အတူ အ ကြောင်း ကြောင်းကြောင့် တိုင်းတစ်ပါးရောက် နေသူများအား ပြန်ဝင် ခွင့်ပေးခဲ့သလို နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ကြိုးနီစနစ်ကိုင်ဆွဲသူနှင့် အဂတိ လိုက်စားသူများအား အရေးယူရန် မိန့်ခွန်း၊ အစိုးရသစ်လက်ထက် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်များ လျှော့ချပေးမှု၊ ဘဏ်လုပ်ငန်းဆိုင်ရာ များနှင့် နိုင်ငံတကာ ငွေကြေးလဲလှယ် ပုံ ပြောင်းလဲမှု၊ အသေးအဖွဲဟု ထင်ရသော နိုင်ငံတကာ ကြက်ခြေနီ ICRC အဖွဲ့ ၂ဝဝ၅ နောက်ပိုင်း ယခု နှစ် ဇူလိုင်လတွင် အကျဉ်းထောင်များ အတွင်း ပြန်လည်ဝင်ရောက်ခွင့်ရှိမှု၊ အရာအားလုံးသည် သမ္မတဦးသိန်းစိန် ၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရမိန့်ခွန်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှု တို့က မဏ္ဍိုင်ဖြစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက် ဒေါ်အောင်ဆန်း စုကြည်လွတ်မြောက် ပြီး တစ်နှစ်တင်းတင်းပြည့် ပြီးရက် ပထမဆုံးနေ့ရက်။ ဆက်လက် မျှော်လင့်နေကြသည်ဟု ယုံကြည်သည်။

သတင်းရင်းမြစ်.. Popular News