10 November 2011

ရှမ်းပြည်မြောက်ပိုင်းဓါတ်ငွေပိုက်လိုင်းဖြတ်သန်းရာဒေသမှ ဒေသခံတောင်သူများ လျော်ကြေးထက် လယ်ယာစိုက်ပျိုးခွင့်ကို ပိုမိုလိုလားကြောင်း

ရှမ်းပြည်မြောက်ပိုင်းရှိ ဓါတ်ငွေပိုက်လိုင်းဖြတ်သန်းရာဒေသမှ ဒေသခံတောင်သူများအနေဖြင့် ရရှိသော လျော်ကြေးထက် လယ်ယာစိုက်ပျိုးခွင့်အားပိုမိုလိုလားကြောင်း ဒေသခံများထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူ-ကူမင်းဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင်ပါသည့် ရှမ်းပြည်နယ်မြောက် ပိုင်းတွင် လျော်ကြေးပထမအဆင့် ပေးဆောင်ပြီးဖြစ်၍ အချို့နေရာများတွင် ပိုက်လိုင်း သွယ်တန်းမှု လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိရာ နစ်နာကြေးရရှိသူများထဲမှ တစ်ဦးအပါအ၀င် ဖြစ်သည့် မနန်းက ယခုကဲ့သို့ ဆိုသည်။

“ပထမအဆင့်လျော်ကြေး (၃၅)သိန်းတော့ ရပြီးပါပြီ၊နောက်ထပ်ထပ်ရဦးမယ်ပြောတယ်၊ လျော်ကြေးထက် ကျွန်မတို့အနေနဲ့ လယ်ပဲစိုက်ချင်တယ်”ဟု ကျောက်မဲခရိုင် နားအိုက်ခန်း ကျေးရွာ အုပ်စုမှ မနန်းက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ သွယ်တန်းမည့် ဓါတ်ငွေပိုက်လိုင်းစီမံကိန်းသည် ရခိုင်ပြည်နယ်မှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို အဓိကဖြတ်သန်း၍ တရုတ်ပြည် ကူမင်း မြို့တော်အထိ သွယ်တန်းမည်ဖြစ်သည်။

ကီလိုမီတာ -၂၈၀၀ ၀န်းကျင် ရှည်လျားမည့် ဓါတ်ငွေပိုက်လိုင်းဖြတ်သန်းမှုစီမံကိန်းတွင် ဓါတ်ငွေ့ ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်း၊ မီးရထားလမ်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ဒေသခံ များထံမှ သိရှိရသည်။

“ဓါတ်ငွေပိုက်လိုင်းတွေ နေရာချပြီးတော့ စတင်သွယ်တန်းနေပါပြီ၊ လျော်ကြေး တစ်ဝက်ကိုလည်း ရထားပြီးပြီ၊ အခု လယ်ရိတ်နေတယ်၊ နစ်နာကြေးထက် လယ်ယာစိုက်ပျိုးခွင့်ကိုပဲ တောင်သူတွေ အနေနဲ့ ပိုလိုချင်ကြတယ်”ဟု နောင်ပိန်ကျေးရွာအုပ်စုမှ ဂေါ်ရခါးလူမျိုးတစ်ဦးဖြစ်သည့် ဦးဒန်ဘီဒိုင်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် မန္တလေးတိုင်းဒေသကြီး ကြွက်နဖား တောင်ခြေမှ စတင်သွယ်တန်းကာ ရှမ်းရိုးမတောင်တန်းပေါ်သို့ သွယ်တန်းလာသည့် ဓါတ်ငွေပိုက်လိုင်း စီမံကိန်းတွင် ပိုက်လိုင်းနေရာချထားမှုနှင့် ပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းများအား စတင် ဆောင်ရွက် နေကြောင်း CNPCကုမဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ှ

“ပိုက်လိုင်းတွေကို သတ်မှတ်နေရာတွေမှာ စုပုံထားပြီးတော့ ကရိန်းတွေနဲ့ စတင်သွယ်တန်းနေပါပြီ၊ အခု နောင်ပိန်မြို့နယ်ထဲမှာ သွယ်တန်းနေတာပါ၊ စခန်းသာနဲ့နားအိုက်ပန်ကျေးရွာကြားမှာ ဋ္ဌာနေစခန်း တစ်ခု သတ်မှတ်ထားရှိပါတယ်”ဟု တရုတ်နိုင်ငံ၏ အကြိးမားဆုံးကုမဏီတစ်ခုဖြစ်သော China National Petroleum Corporation မှ ရှမ်းပြည်နယ်အတွက် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါစီမံကိန်းမှာ တရုတ်နိုင်ငံလောင်စာစွမ်းအင်ရရှိရေးဖြစ်သည့်အတွက် နစ်နာကြေးများ ပေး ဆောင်၍ အလျင်အမြန်ပြီးစီးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မာဒေးကျွန်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရျမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ပိုက်လိုင်းချခြင်းနှင့် သွယ်တန်းခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

ထိုစီမံကိန်းကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် ကျေးရွာများပြောင်းရွေ့ခံရမှု၊ ဥယာဉ်မြေနှင့် လယ်မြေ များအား အဓမသိမ်းယူမှု၊ လုပ်အားခများခေါင်းပုံဖြတ်မှုများ ပေါ်ပေါက်လျက်ရှိသောကြောင့် လူ့အခွင့် အရေးချိုေးဖာက်မှုဆိုင်ရာ အဖွဲ့အစည်းများထံသို့ တိုင်ကြားထားသော်လည်း ထိရောက်စွာ အရေး ယူခြင်းမရှိသဖြင့် နိုင်ငံတော်သမ္မတနှင့် လွတ်တော်ဗဟိုအစိုးရအဖွဲထံသို့ တိုင်ကြားမှုများ ဆက်လက် ပြုလုပ်ထားကြောင်း ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်မှုပါတီမှ ထုတ်ပြန်ချက်များအရ သိရှိ ရသည်။

သတင်းများအား ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်.။