12 November 2011

အသက်မပြည့်သော မြန်မာကလေးလုပ်သားများ တရုတ်နိုင်ငံ တစ်နေရာမှ လွတ်မြောက်လာ

(Shanghai Daily မှ 10 Nov 2011 ရက်စွဲပါ “Child labours from Myanmar rescued from slavery” သတင်းကို Yangon Chronicle မှဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသား ဆယ်ကျော်သက် ၇ ဦးသည် တရုတ်ပြည် အရှေ့ပိုင်း ဇီကျန်းပြည်နယ် ယူယိုမြို့ အထည်အလိပ် စက်ရုံတစ်ခုတွင် ကျွန်သဖွယ် ခိုင်းစေခြင်း ခံခဲ့ကြသည်ပာု သိရှိရသည်။

စက်ရုံမှ ထွက်ပြေးလွတ်မြောက်လာပြီး အဝေးပြေးလမ်း တစ်လျှောက် ၃ ရက်ခန့် လမ်းလျှောက်လာရင်း အစာငတ်၊ မောပန်းနေသော မြန်မာ ဆယ်ကျော်သက် ၂ ဦးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ် သည်ပာု ပြည်တွင်းထုတ် ကီယန်ဂျင်း ညနေခင်း သတင်းစာက ယနေ့ သတင်းဖော်ပြထားသည်။

သတင်းတွင် ကျား/မ ခွဲခြားဖော်ပြခြင်း မရှိသော မြန်မာဆယ်ကျော်သက် ၂ ဦးသည် မြန်မာနယ်စပ် အနီး ပြုလုပ်သော အလုပ်သမားပွဲဈေး (မြန်မာကျေးလက်မှ နွားပွဲဈေးနှင့် အလားတူ)မှတဆင့် စက်ရုံသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ပာု ဆိုသည်။ စက်ရုံသို့ ရောက်သွားပြီးနောက် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်နှင့် မိုဘိုင်းဖုန်းများကို အလုပ်ရှင်က သိမ်းဆည်းလိုက်ပြီး ထွက်မပြေးနိုင်အောင် အစောင့်ချကာ ပိတ်ထားသော အလုပ်ရုံတွင် အလုပ် လုပ်ခဲ့ကြရသည်ပာု သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ကို အခြားမြန်မာ အလုပ်သမားများနှင့်အတူ သော့ခတ်၍ ပိတ်ထားပြီး လုပ်ခလစာလည်း မရရှိကြောင်း၊ လစာတောင်းသည့် အချိန်တိုင်း အရိုက်ခံရကြောင်း မြန်မာဆယ်ကျော်သက်များက ပြောကြားသည်။

၎င်းတို့အထဲမှ သတင်းရရှိပြီးနောက် အထည်အလိပ်စက်ရုံကို တရုတ်ရဲက ဝင်ရောက်စီးနင်းရာ တွင် နောက်ထပ် မြန်မာအလုပ်သမား ၅ ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားတွေရဲ့ နေရာကတော့ ကြောက်စရာပါ။ ရွှံ့တွေ၊ အမှိုက်တွေနဲ့ ဝက်တင်းကုပ်တစ်ခုလိုပါပဲပာု ရဲအရာရှိ ဝမ်ရှောင်ဂန်က သတင်းစာသို့ ပြောကြားသည်။

ရဲများ ရောက်မလာမီ စက်ရုံပိုင်ရှင် ထွက်ပြေးသွားခဲ့ပြီး ထိုအမှုကို စုံစမ်းစစ်ဆေးနေဆဲပာု သိရှိရသည်။