10 November 2011

အလတ်စား ရေအားလျှပ်စစ်စီမံကိန်း ၃ ခုအတွက် တရုတ်-မြန်မာ သဘောတူ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်း ဝန်ြကီး ဌာနမတှ ညေ် ဆာက် ပြီးဖြစ်သည့် ဆည်တာတမံ ၃ ခု တွင် အလတ်စား ရေအားလျှပ် စစ်စက်ရုံများတည်ဆောက်ရန်အ တွက် ဒီဇိုင်းပုံစံများ တာဝန်ယူ တွက်ချက်ပေးရန် သဘောတူစာ ချုပ်ကို ဆည်မြောင်းဦးစီးဌာနနှင့် တရုတ်နိုင်ငံမှ ဒီဇိုင်းဌာနတို့ ပြီးခဲ့ သည့်လက ချုပ်ဆိုခဲ့ကြောင်း ယခု ပတ်ထုတ် လယ်ယာစီးပွား စာ စောင်တွင် ဖော်ပြပါရှိသည်။

ရေအားလျှပ်စစ်ထုတ်လုပ် ရန် စီစဉ်နေသည့် ရေလှောင်တမံ များမှာ မြန်အောင်မြို့အနီးရှိ ကညင်ရေလှောင်တမံ ၊ ဖောင်ကြီး မြို့အနီးရှိ ငမိုးရိပ်ရေလှောင် တမံ နှင့် သာယာဝတီမြို့အနီးရှိ သုံး ဆယ်ရေလှောင်တမံတို့ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် ဆည်မြောင်းတာတမံ စီမံကိန်း ၃၇၁ ခုကို တည်ဆောက်ထိန်း သိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆည်တာတမံတစ်ခုစီတွင် နှစ်မဂ္ဂါဝပ်ခန့်စက်နှစ်လုံးစီတပ် ဆင်တည်ဆောက်သွားမည့်ယင်း အစီအစဉ်အတွက် တရုတ်နိုင်ငံ က ကူညီထောက်ပံ့သွားမည်ဖြစ် ကြောင်း အဆိုပါ အလတ်စား ရေအားလျှပ်စစ်စက်ရုံများ တည် ဆောက်ရေးအတွက် ကုန်ကျစရိတ် အနေဖြင့် လောလောဆယ်တွင် တရုတ်ယွမ်သန်း ၂၆၀ ခန့်ဖြင့် သတ်မှတ်ထားကြောင်းလည်း ယင်းစာစောင်တွင်ပင် ဖော်ပြ ထားသည်။ တည်ဆောက်ပြီး ဆည်တာ တမံများမှ ဆည်ရေပေးဝေခြင်း အ ပြင် ရေအားလျှပ်စစ်ကိုပါ ပူးတွဲ ထုတ်လုပ်သွားရန် အတွက် လိုအပ် သည့်ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းကို China Water Resources Bei fang Inves t igat ion Design and Research ကုမ္ပဏီ က တာဝန်ယူဆောင်ရွက်သွား မည်ြဖစ်ြပီး ရေအားလျှပ်ပစ် စက်ရုံ ဆိုင်ရာပစ္စည်းကိရိယာများကို တရုတ်နိုင်ငံဘက်မှ ကူညီမည်ဖြစ် ကာ ဆည်မြောင်းဦစီးဌာနက မြို့ ပြတည်ဆောက်ခြင်းများ တာဝန် ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ထိုသတင်းအား 7Day News Journalတွင်ဖော်ပြပါရှိပါသည်.။