10 November 2011

နေပြည်တော်တိုင်းမ် အမည်ဖြင့်စာပေစိစစ်ရေးဂျာနယ်ထုတ်

ရန်ကုန်မြို့တော်အခြေစိုက်ရာ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာနမှ နေပြည်တော်တိုင်းမ် အမည်ဖြင့် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ထုတ်ဝေ မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဂျာနယ် ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဗိုလ်မှူးအဆင့် တာဝန်ရှိသူတစ်ဦးက အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး တာဝန်ခံ အယ်ဒီတာမှစ၍ အခြားအဆင့်များမှာ ပြည်တွင်းမီဒီယာလောကတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သိရသည်။အယ်ဒီတာတဦး၏လစာကိုတော့ တလ ကျပ်ငွေတစ်သိန်းဖြစ်ကြောင်းလည်းသိရှိရပါသည်။

ယင်းဂျာနယ်တွင်အခြား ၀န်ကြီးဌာနပိုင် ဂျာနယ်တွေလို ပေါ်လစီတွေ မရေးရပါဘူးဟုသတင်းရရှိပါသည်။လစဉ် ၂၀ရက်နေ့ထုတ်ဝေမည်ဖြစ်ပြီး၊စာပေစိစစ်ရေးမှ ထုတ်ဝေသည့် ဂျာနယ်ဖြစ်သဖြင့် မည်သည့် သတင်း များဖော်ပြ မည် ကိုတော့ စောင့်မျှော်ဖတ် ရှု့ဝေဖန် သုံးသပ်သွားရမည်ဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါသည်။