22 October 2011



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနနှင့် ပြင်ပ ပန်းချီပညာရှင်များ၏ ပူးပေါင်း တင်ဆက်မှု အဖြစ် “The Portraits of Myanmar People Art Show” ပန်းချီပြပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေ့စဉ် ဖွင့်လှစ် ပြသသွားမည် ဖြစ်သည်။

ပန်းချီပြပွဲတွင် ပန်းချီဆရာ ဦးဝင်းဖေမြင့်၊ တင်အောင်ကျော်၊ ထင်လင်းနိုင်၊ စန်ဒာခိုင်၊ ကြည်သာအေး၊ ကျော်လင်း၊ ဖိုးစံတို့၏ ဆီဆေး၊ အက်ခရီလစ်၊ ခဲပန်းချီ၊ ပုံတူ ပန်းချီကားများကို ခင်းကျင်း ပြသသွားမည် ဖြစ်သည်။ ပန်းချီပြပွဲမှ ရောင်းချ ရရှိငွေများကို အဖွဲ့ချုပ်မှ ဆောင်ရွက်လျှက်ရှိသော လူမှုထောက်ပံ့မှု လုပ်ငန်းများတွင် သုံးစွဲရန် လှူဒါန်းသွားမည်ဟု သိရှိရသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးခင်မောင်ရင်၊ ဦးသုခ၊ လူထုစိန်ဝင်း၊ ဦးသော်တာ၊ ကိုမြင့်ဆွေ၊ တေးရေးဆရာ ကိုနေဝင်းနှင့် ဆန်နီညိမ်းတို့၏ ပုံတူကားများနှင့် အခြားပန်းချီကားများလည်း ပါဝင်သည်။

ပန်းချီကားများကို ပြပွဲတွင် တိုက်ရိုက် ဝယ်ယူနိုင်သည့်အြပင် ပြည်တွင်း၊ ပြည်ပမှ ဝယ်ယူအားပေး လိုသူများအနေဖြင့် အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးမှူး ဦးကြည်တိုး၊ ဖုန်းနံပတ် +၉၅၉-၅၁၈-၆၂၇၄၊ အီးမေးလ်လိပ်စာ info.nldburma@gmail.com သို့လည်း ဆက်သွယ် ဝယ်ယူနိုင်ကြပါသည်။

သတင်း...... http://burmese.nldburma.org