19 October 2011

ရခိုင်ပြည်နယ်စစ်တွေ ငါးဈေးကြီးတွင် လေဆင်နှာမောင်းတိုက် လူတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ၁၉-၁၀-၁၁ရက်နေ့ နံနက်လေးနာရီအချိန်ကတိုက်ခတ်ခဲ့သည့် အင်းအား အသင့်တင့်ရှိသော လေဆင်နှာမောင်းကြောင့် ငါးဈေးကြီးတွင် အမိုးများပျက်စီးကာ သစ်ပင်များပြိုလဲပြီး လူတစ်ဦး သစ်ပင်ပိ၍ ဒဏ်ရာရရှိကြောင်းစုံစမ်းသိရသည်။

စစ်တွေမြို့တွင် တိုက်ခတ်ခဲ့သည့် လေတိုက်နှုန်းမှာလည်းတစ်နာရီလျှင် မိုင်လေးဆယ်ခန့်တိုက်ခက်လျှက်ရှိပြီး မိုးသတ်လေပြင်းများ စဉ်ဆက်မပြတ် တိုက်ခက်နေကြောင်း စစ်တွေမြို့နယ် နေပြည်သူတစ်ဦး၏ ပြောကြားချက် အရသိရသည်။

“ကျွန်တော်တို့ရခိုင်မှဓလေ့ရှိတယ်။လေးလစပါးတွေ သီးချိန်ရောက်ရင်သည့် လောက်အဆင့်ရှိတဲ့ လေပြင်းတွေ၊ မုန်တိုင်းတွေ၊တိုက်နေကြပဲ။ကျွန်တော်တို့အတွက်တော့ဒီလောက်ကိုမမှုနိုင်တော့ပါဘူး“ဟု၎င်းကပြောသည်။

ထိုသို့အင်းအားအသင့်တင့်ရှိသောလေမုန်တိုင်းတိုက်ခက်နေသော်လည်းစစ်တွေရှိဌာနဆိုင်ရာများအနေဖြင့်မည်
သည့်သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာမှမရှိသေးကြောင်းစုံစမ်းသိရသည်။

မိုးလေဝသနှင့်ဇလဗေဒပညာရှင်ဦးထွန်းလွင် ဝက်စ်ဆိုက်တွင်လေဖိအားနည်းရပ်ဝန်သည် ပိုမိုအားကောင်း လာပြီးမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာအရှေ့ မြောက်ဘက်းဆီသို့ရွှေ့လျားပြီး ၁၈ ရက်နေ့မှ နောက်၃၆ နာရီ (၂၁ရက်နေ့နံနက်ပိုင်းအထိ)ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် စပ်ဆက်နေသော ဘင်္ဂးလာဒေခ်ျ့တောင်ပိုင်း ကို ဖြတ်ကျော်မည်ဟု ခန့်မှန်းထားသည်။

ဤသတင်းအား ပြန်လည်ဝေမျှပေးသော မြစ်မခ (မီဒီယာ) အားကျေးဇူးတင်ရှိပါသည်.။