20 October 2011

မုန်တိုင်းကြောင့်ရခိုင်ပြည်မြောက်ပိုင်း မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာအချို့ မုန်တိုင်းဒဏ်သင့်ခဲ့

အောက်တိုဘာ ၁၉ ရက်နေ့ ညပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်အတွင်းမှ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်တိုက်ခက်ခဲ့သောမုန်တိုင်းငယ်ကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းရှိ
ကျေးရွာများနှင့်ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်အနီးတ၀ိုက်ရှိ ကျေးရွာများ မုန်တိုင်းဒဏ်သင့်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါမုန်းတိုင်းငယ်မှာ တစ်နာရီလျှင်မိုင်(၆၀)ခန့်တိုက်ခက်ခဲ့ပြီး ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်ရှိ ပင်လယ်ကမ်းစပ်အနီးမှ ကျေးရွာများမှာ မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း မောင်းတောမြို့နယ်၊ ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒေသခံတစ်ဦးက ပြောသည်။

“မောင်းတောမြို့နယ်မှာတော့ ပျက်စီးဆုံးရှုံးတာနည်းပါတယ်။ သစ်ပင်တွေ ပြိုတယ်၊ အိမ်တွေ အမိုးလန်ရုံလောက်ပဲ၊ ဒါပေမဲ့ကမ်းစပ်နားကမောင်နီရွာမှာတော့ အိမ်တွေပြိုကုန်တယ်“ဟု၎င်း ကပြောသ ည်။

အဆိုပါ ၁၉ရက်နေ့ညနေပိုင်းတွင် တနာရီ မိုင် ၆၀ ၀န်းကျင်နှုန်းဖြင့် တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်မှာ ည ၃နာရီ ကျော်ခန့်တွင် အားပျော့သွားပြီး မိုးရွာသွန်းခဲ့ကြောင်း ၊ မောင်နီကျေးရွာအတွင်းရှိ လူပျောက်ဆုံးမှုနှုင်က သေဆုံးမှုများကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ပြောသည်။

မောင်နီကျေးရွာသည် ပင်လယ်ကမ်းစပ်အနီးတွင်ရှိပြီး ရေလုပ်ငန်းအများစုလုပ်ကိုင်ကြသော ကျေးရွာဖြစ်သည်။ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြကြောင်း သိရှိရသည်။

အဆိုပါမုန်တိုင်းကြောင့်ဘူးသီးတောဒေသအတွင်းရှိ ကျေးရွာများကိုလည်း မုန်တိုင်းဝင်ရောက်သွားခဲ့ကြောင်း၊ ဖုန်းလိုင်းများ ပြတ်တောက်နေသောကြောင့် ဆက်သွယ်လို့ မရနိုင်သေးကြောင်း သိရှိရသည်။


ထိုသို့တိုက်ခက်ခဲ့သောမုန်တိုင်းငယ်ကြောင့်ရခိုင်ပြည်နယ်ရှိမြို့နယ်များ၌ ယခုအချိန်ထိ မိုးသည်းထန်းစွာ ရွာသွန်းလျှက်ရှိ ပြီးလေတိုက်နှုန်းမှာလဲ အနည်းငယ်ရှိသေးကြောင်း ဘူးသီးတောင်မြို့နယ်နေ သူတစ်ဦးက ပြောသည်။

သတင်း..မြစ်မခမီဒီယာ