18 October 2011

သံတိုင်ကြားကမွေးနေ့ရှင်ကိုမင်းကိုနိုင်၏ မွေးနေ့အကြိုပွဲ ကျင်းပခြင်း






၁၆ ရက်နေ့ အောက်တိုဘာလ ၂၀၁၁ တနင်္ဂနွေနေ့တွင်ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ တွင် ကိုမင်းကိုနိုင်၏ (၄၉)နှစ်ပြည့်မွေးနေ့မင်္ဂလာပွဲကို ပိဋကတ်သုံးပုံ နိကာယ်ပရိယတ္တိ စာသင်တိုက်ရှိခန်းမဆောင်တွင် နေ့လည် (၁၂း၀၀)တွင် BG သွေးအကူအညီပေးရေးနှင့်ပညာဒါနမှ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပွဲသို့ အဆိုတော် ကိုရဲသွင်၊ ကိုဆောင်းဦးလှိုင်၊ တေးရေးတေးဆို ကိုသားထွေး၊ ကိုသားဖေတင် တို့လည်း တက်ရောက်ခဲ့ကြောင်းသိရပါသည်။ အခမ်းအနားအစီအစဉ်အရ ကိုမင်းကိုနိုင်(မွေးနေ့)ဂုဏ်ပြုသီချင်းများ သံပြိုင် သီဆိုခြင်း၊ မွေးနေ့ကိတ်လှီးပြီး တက်ရောက်ပရိသတ်များအား ကျွေးမွေးခြင်း နှင့်အဆိုတော်များမှ ကိုမင်းကိုနိုင်နှင့် ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ အားလုံးအတွက် လွတ်မြောက် ပါစေကြောင်း တေးသီချင်း များဖြင့်ဂုဏ်ပြုဖျော်ဖြေကြပါသည်။ ထို့နောက် BG သွေးအကူအညီပေးရေးတာဝန်ခံ ကိုညီညီမှ သီချင်းများဖြင့် လာရောက်သီဆိုဂုဏ်ပြုသူများအား လက်ဆောင်ပစ္စည်များပြန်လည်ပေးအပ်ပါသည်။

သတင်း ပေးပို့ ပေးသူ ကိုဟိန်းထက် အားကျေးဇူးတင်ရှိပါသည်.။