17 October 2011

အပေါ့်မှာပြောင်းတာလား အောက်မှာပြောင်းတာလား....





သို့
တာဝန်ရှိသူများ

ကျွန်တော်တို့ တောင်ဒဂုံမြို့နယ် ၁၈ကွေ့မှသစ်ဆိုင်ကွေ့အထိ ရှိသော စည်ပင်လမ်းမကြီးဟာ လိုင်းကားများနှင့် လူများ အဓိကထားသုံးနေသော လမ်းကြီးတစ်လမ်းလည်းဖြစ်ပါတယ်။ တောင်ဒဂုံကို စတည်ကတည်းက စည်ပင်လမ်းမကြီးဟာ ပြင်လိုက်ပျက်လိုက်နဲ့ ယခုပျက်စီးယိုယွင်းမှုကတော့ ဗျာ၊ လကမ္ဘာကြီး၇ဲ့မြေသားပြင်အတိုင်းပါပဲမယုံရင်လာကြည့်ပါ။ ရန်ကုန်မြို့က လမ်းလို့တောင်မပြောနိုင်တော့ပါဘူး ကားမပြောနဲ့လှည်းတောင် သွားလို့မရဘူးလမ်းပျက်နေတာကသုံးလလောက်ရှိနေပါပြီ လိုင်းကားတွေလည်း မသွားတော့လို့ အလုပ်သွားတဲ့သူတွေလည်း အရမ်းဒုက္ခရောက်နေရပါတယ် သွားတဲ့ ကားကြတော့လည်း ရိုလာကိုစတာစီးရတယ့်အတိုင်းပါပဲ(ပိုက်ဆံမကုန်ဘူးပေါ့ဗျာ)၊ အချိန်လည်းအများကြီးနှောင့်နှေးပါတယ် အသက်အန္တရာယ်လည်းစိုးရိမ်ရတဲ့ အခြေအနေပါ (မှောက်များမှောက်ခဲ့ရင်) တောင်ဒဂုံကပြည်သူက ရွေးချယ် တင်မြှောက်ထားပါတယ်ဆိုတဲ့ လွှတ်တော်အမတ်ကြီး ဒေါ်စုစုလှိုင်တစ်ယောက်လည်း စည်ပင်လမ်းအနီး နားမှာနေပြီးတော့ စည်ပင်လမ်းကပဲမသွားလို့လား။ လွှတ်တော်ထဲမှာ သူတောင်းစားပပျောက်ရေးအဆိုကို တင်သွင်းနေရလို့ မအားတာလားမသိပါဘူးဗျာ (နိုင်ငံတော်ကထုတ်ပေး တဲ့cherrywagonကားလေးက ဘဲ မြန်မာပြည်ကလမ်းတွေကိုခံနိုင်ရည်ရှိအောင်ကောင်းနေလို့လား) သမ္မတကြီးဦးသိန်းစိန်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကို တင် ပြရကောင်းမှန်းတောင်မသိတော့ဘူး၊ မြို့နယ်စည်ပင်သာယာဆိုတာကလည်း သူတို့သားသမီးဆွေမျိုးတွေ ခါးလှဝမ်းဝဖို့အတွက်လိုက်တောင်းရမ်းနေရတော့ ပြင်ပေးရကောင်းမှန်းတောင် မသိဘူး ဒီလမ်းပျက်နေတဲ့ကိစ္စကို ဦးသိန်းစိန်အစိုးရ အဖွဲ့၊ မြို့တော်စည်ပင်သာယာရေးကော် မတီ၊ နှင့်မြို့တော်ဝန်အပါအ၀င် သက်ဆိုင်ရာဌာနတွေသိအောင် မီဒီယာကတစ်ဆင့်အော်ချက်ထုတ်လိုက် ရပါတယ်။

(ယခင်ကလည်း ကျန်းမာရေးမှတ်တိုင် မှာ မီးသွေးကားကြီးတိုက်လို့ သေဆုံးသွားခဲ့ရတဲ့ စက်ဘီးသမားလေး တစ်ယောက်ရှိခဲ့ဘူးပါတယ် အဆိုပါစက်ဘီးသမားလေးဟာ ချိုင့်ခွက်ကိုရှောင်ရင်း နောက်မှ မီးသွေးကားမှ ၀င်တိုက်သွားပြီး ခေါင်းပြားသွားပြီးချက်ခြင်းသေဆုံးသွားပါတယ်။ နောက်နေ့ အဆိုပါချိုင့်ခွက်ကို လာရောက်ပြင်ဆင်သွားတဲ့သာဓကလည်းရှိပါတယ်။ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး၊ ကြံခိုင်ရေး တို့ကို နှစ်ခုလောက်တော့မေးချင်ပါတယ် (တစ်ခုတည်းမဟုတ်ပါဘူး) လူသေဆုံးမှ လမ်းပြင်တာလား။

လမ်းပြင်အောင်လူသေဆုံးပေးရမှာလားဗျာ ၊ ယခင်သစ်ကားများသွား၍ လမ်းပျက်စီး သွား သော မောင်းမကန်ကမ်းသာ လမ်းမကြီးကတော့ ယခုသစ်ကားများသွားရန်အတွက် ကွန်ကရစ်လမ်းမကြီး ကို အမြင့် (၂)ပေလောက်ကိုခင်းပေးထားပြီး ကျန်လမ်းများမှာတော့ ကားမဆိုထားနှင့် လူ၊ စက်ဘီး၊ ဆိုက်ကားများပါ သွားလာရန် အလွန်ခက်ခဲနေပါသည်။ ) အဲတော့ကျွန်တော်ဒီလိုပြောတာ လွန်လား မလွန်ဘူးလား ဆိုတာ စဉ်းစားသာကြည့်ကြပါတော့ဗျာ. ။

တောင်ဒဂုံမြို့နယ်မှ အမြင်မတော်သူများ.....