18 October 2011

ယနေ့ ကျရောက်တဲ့ သံတိုင်နောက်က ကိုမင်းကိုနိုင် မွေးနေ့ အတွက် သူကိုယ်တိုင်သီဆိုထားတဲ့ပန်ထွာဧကရီ တေးသီချင်း အားပြန်လည်ဝေမျှလိုက်ပါတယ်။


မင်းကိုနိုင် ကိုယ်တိုင်သီဆိုထားတဲ့ ပန်ထွာဧကရီ တေးသီချင်း by moeayedvb@gmail.com

ကိုမင်းကိုနိုင် ရေးစပ်ခဲ့သောကဗျာ

မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ

ထောင်ပြစရာ အမောက်ကမရှိဘူး။



လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ

မာန်တက်စရာ ထီးရိုးမရှိဘူး။



ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ

ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ

အစုန်သမားက လန့်အော်

အဆန်သမားက ဆက်မလှော်နိုင်တော့ဘူး။



နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ

တကယ်ပြစရာ အသက်လဲမရှိဘူး။



လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ

ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။



မင်းကိုနိုင်

စစ်တွေထောင်တွင်းစပ် ကဗျာ




ကိုမင်းကိုနိုင် ကိုယ်တိုင်ရေးသားထားသော နောက်ကြည့်မှန် စာအုပ်

Ko Min Ko Naing Book(နောက်ကြည့်မှန်)