အောက်ပါစာရင်းတွင်ပါဝင်သော ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့်အပေါင်းပါများမှာ စစ်ဘောင်းဘီချွတ်ပြီး ဒီပဲယင်းအရေးအခင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီလိုလားသူများအားသတ်ဖြတ်ရန် စီစဉ်ခဲ့သည်ဟုနာမည်ဆိုးဖြင့်ကျော်ကြားသည့် ကြံဖွံ့(ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး)အသင်းအဖြစ်ရွေးကောက်ပွဲ ၀င် ရန် အတွက် ပါတီ အဖြစ်မှတ်ပုံတင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
| စဉ် | အမည် | မူလရာထူး |
| ၁ | ဗိုလ်ချုပ်ကြီးသိန်းစိန် | ၀န်ကြီးချုပ် |
| ၂ | ဗိုလ်မှူးကြီးဇော်မင်း | လျှပ်စစ် ၁ ဝန်ကြီး |
| ၃ | ဗိုလ်မှူးချုပ်သိန်းဇော် | ဆက်သွယ်ရေးဝန်ကြီး |
| ၄ | ဗိုလ်မှူးချုပ်တင်နိုင်သိန်း | စီးပွားကူးသန်း |
| ၅ | ဗိုလ်ချုပ်ခင်မောင်မြင့် | လျှပ်စစ် ၂ |
| ၆ | ဗိုလ်မှူးချုပ် သန်းဌေး | စွမ်းအင် |
| ၇ | ဗိုလ်မှူးချုပ် ဘုန်းဆွေ | ပြည်ထဲရေးဒုဝန်ကြီး |
| ၈ | ဗိုလ်ချုပ် ဉာဏ်ဝင်း | နိုင်ငံခြားရေးဝန်ကြီး |
| ၉ | ဗိုလ်ချုပ် စိုးနိုင် | ဟိုတယ်ခရီးဝန်ကြီး |
| ၁၀ | ဗိုလ်ချုပ် မောင်ဦး |ုပြည်ထဲရေးဝန်ကြီး |
| ၁၁ | ဗိုလ်ချုပ် မောင်မောင်ဆွေ | လူမှုဝန်ထမ်း ကယ်ဆယ်နေရာချထားရေး |
| ၁၂ | ဗိုလ်ချုပ် လှထွန်း | ဘဏ္ဍာအခွန်ဝန်ကြီး |
| ၁၃ | ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် | မြိုတော်ဝင် မန္တလေး |
| ၁၄ | ဗိုလ်မှူးချုပ် ကျော်အောင် | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး |
| ၁၅ | ဗိုလ်မှူးချုပ် ဝင်းအောင် | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး |
| ၁၆ | ဗိုလ်မှူးချုပ်ညီထွန်း | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး |
| ၁၇ | ဗိုလ်မှူးချုပ်စိုးဦး | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး |
| ၁၈ | ဗိုလ်ချုပ် ကျော်စွာခိုင် | စက်မှု ၂ ဒုဝန်ကြီး |
| ၁၉ | ဗိုလ်ချုပ် အေးမြင့် | ကာကွယ်ရေုးဒုဝန်ကြီး |
| ၂၀ | ဗိုလ်မှူးကြီးကျော်ကျော်ဝင်း | နယ်စပ်ဒေသ ဖွံ့ဖြိုးရေး |
| ၂၁ | ဗိုလ်မှူးကြီးသန့်ရှင်း | ဝန်ကြီးချုပ်ရုံးဝန်ကြီး |
| ၂၂ | ဒုဗိုလ်မှူးကြီးဝင်းကို | ရှေ့နေချုပ်ရုံး |