29 April 2010

ဝါဒဖြန့်ဓာတ်ပုံများကို ကြည်ကြည်လင်လင် မဖော်ပြရဲတော့တဲ့ ယနေ့ထုတ် အွန်လိုင်းကြေးမှုန်သတင်းစာ....

Electionယနေ့ထုတ် အွန်လိုင်းကြေးမှုန်သတင်းစာမှ(ဝေဝေဝါးဝါး ရွေးကောက်ပွဲ) ကော်မရှင်အစည်းအဝေးဓာတ်ပုံ

ယနေ့ Myanmar.com မှာပါရှိတဲ့ အွန်လိုင်း ကြေးမုံသတင်းစာများမှ ဓာတ်ပုံများအား ရှင်းလင်းပြတ်သားစွာ မဖေါ်ပြတော့ပဲ မှုန်ဝါးဝါးသာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ပြီးခဲ့တဲ့ရက်များက ပြည်ပမီဒီယာများမှ မြန်မာသတင်းစာများမှ ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြခဲ့အပြီး ယနေ့ထုတ် အွန်လိုင်း ကြေးမုံသတင်းစာမှာ ယခုကဲ့သို့ မီမပြင် ဝိုးတိုးဝါးတားသာ ဖော်ပြထားတာ တွေရပါတယ်။ တစ်စုံတစ်ခုသော ဖိအားကြောင့် ယခုကဲသို့ ပုံများကို တမင် ဝိုးတိုးဝါးတား ဖော်ပြထားခြင်းလား ဆိုတာ စဉ်းစားစရာပါပဲ။ နဂိုကတည်းက မှုန်ဝါးဝါး မမှန်မကန် သတင်းတွေ ကတော့ မှုန်ဝါးဝါးပုံတွေနဲ့ အခုပိုပြီးလိုက်ဖက်နေပါတယ်။ မည်သည့်သတင်းဋ္ဌာန မဆိုမိမိတို့ ရဲ့သတင်းဓာတ်ပုံများကို တိကျမှန်ကန်စွာနဲ့ တင်နိုင်အောင် အစွမ်းကုန် ကြိုးစားကြပါတယ်။ မိမိတို့သတင်းတွေ မှန်တယ်၊ လိပ်ပြာလုံတယ် ဆိုရင်တော့ ပုံတွေကို အမှန်အတိုင်း ပီပီပြင်ပြင် ထည့်သွင်းဖော်ပြနိုင်ရပါမယ်။ အစိုးရတစ်ခုကထုတ်တဲ့ သတင်းစာဖြစ်ပြီး ဓာတ်ပုံတောင် မှန်မှန်ကန်ကန် မဖော်ပြရဲ ဖြစ်နေပါတယ်။

TS
မနေ့ကထိ အမြင်စောင်းနေပေမယ့် အသွင်ပြောင်းသွားတဲ့ ဗိုလ်ချုပ်သိန်းစိန်တစ်ဖြစ်လဲ ဝန်ကြီးချုပ်ဦးသိန်းစိန်ရဲ့ ကြည်ကြည်လင်လင် မြင်ရသေးတဲ့ ပုံ

မြန်မာပြည်က သတင်းစာတွေကတော့ အစိုးရဝါဒဖြန့်ပုံတွေ သတင်းတွေကို ဝေဝေဆာဆာ ဖော်ပြထားပြီး စာဖတ်သူတွေ အကြိုက်ဆုံးကဏ္ဍကတော့ နာရေးသတင်းဖြစ်ပါတယ်။ ဟုတ်မဟုတ် စစ်တမ်းကောက်ကြည့်ရင် သိနိုင်ပါတယ်။

MA
မနေ့က ကြေးမုံသတင်းစာမှာ စာနဲ့တွဲလျှက် ပုံပါကြည်ကြည်လင်လင် တွေ့ရတဲ့ ဗိုလ်ချုပ်မောင်အေးပုံ.. ဒီနေ့တော့ စာအောက်မှာ ရေကာတာပုံပဲပါလာပါတော့တယ်။

ပြည်တွင်းက ကြေးမုံသတင်းစာက ဝန်ထမ်းတွေကတော့ စစ်အစိုးရရဲ့ စာပေကင်ပေတိုင် တွေရဲ့ ထားရာနေစေရာသွား လုပ်ပေးနေရတာပါ.. မြန်မာပြည်မှာ စာပေစာနယ်ဇင်းတွေဟာ စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာနေရင်း အမှန်တရားအတွက် တိုက်ပွဲဝင်နေတာပါ.။ မြန်မာသတင်းစာများမှာ ယခင်က ဖော်ပြခဲ့ဘူးပြီး ပြည်သူတွေ စိတ်ဝင်းစားမှုရခဲ့တဲ့ သတင်းတွေကတော့ နွားအလှပြိုင်ပွဲသတင်းနဲ့ အတူ အဲ့ဒီတုန်း နဝတ ဗိုလ်ချုပ်တွေနဲ့ ယှဉ်ဖော်ပြထားတာတွေ၊ နော် ကမ္ဘာကျော်လူလိမ်ကြီးများဆိုတဲ့ စာတန်းရဲ့ တဘက်မှာ ဗိုလ်ချုပ်ခင်ညွန့်တို့ ပုံတွေပါလာတဲ့ကိစ္စ(ထိုစဉ်က တာဝန်ခံအား ထောက်လှမ်းရေးမှ ဖမ်းဆီး နှိပ်စက် စစ်ဆေးမေးမြန်းသဖြင့် အသက်ဆုံးရှုံးမှု ရှိခဲ့ပါတယ်) နောက်မကြာမှီက ရတနာပုံနေပြည်တော် သတင်းစာမှာပါရှိခဲ့တဲ့ ဆူပူမှုကြောင့် ဒီမိုကရေစီရနိုင် ဆိုပြီး မတစ်လုံးပြုတ်ကျန်ခဲ့တဲ့ အတွက် ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ခံရတာတွေရှိခဲ့ပါတယ်။ အဓိပ္ပါယ် နှစ်မျိုးကောက်ယူနိုင်တဲ့ စကားလုံးတွေ မကြာခဏပါရှိခဲ့ဘူးပါတယ်...။ တကယ်တော့ သတင်းစာ ပညာတတ်သိရှင်တွေရဲ့ ညံ့ဖျင်းမှုကြောင့် မဟုတ်ပဲ သေနတ်မိုးစေခိုင်းတဲ့ အာဏာရှင်တွေနဲ့ စာပေကင်ပေတိုင်တွေကြောင့် သတင်းစာနဲ့မတူပဲ ဝါဒဖြန့် အတင်း သတင်းစာဖြစ်နေတဲ့ သတင်းရော ဓာတ်ပုံပါမှုန်နေတဲ့ ကြေးမှုန်သတင်းစာ အကြောင်းတင်ပြလိုက်ရပါတယ်။
ကြည့်ချင်တယ်ဆိုရင်တော့.. ကြေးမှုန်နှိပ်ပါ..Click.