30 April 2010

ဆောက်လိုက်တဲ့ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ဖောက်လိုက်တဲ့ဂက်စ် လိုင်းတွေရန်ကုန်မြို့ကြီးတွင်မီးစက်ဖြင့်ရေအငှားတင်နေ


ယခုလအတွင်း ရန်ကုန်တစ်မြို့ လုံးနီးပါး၌ မီးလာချိန်မမှန်၊ မီးပျက် မှုများသည့်အတွက် ရေတင်ရန် ခက် ခဲခြင်းကြောင့် မီးစက်ဖြင့် ရေအ ငှားလိုက်တင်သူများအနေဖြင့် လုပ် ငန်းသွက်လာကြောင်း သတင်းရရှိ သည်။


ရဲရွာရေအားလျပ်စစ်စီမံကိန်းမှ တာဘိုင်တစ်လုံးစတင်လည်ပတ်ပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့တွင် တစ် ရက်လျင် ၁၈ နာရီနှုန်းဖြင့် မီးရရှိ ခဲ့ကြောင်း၊ သို့သော် ထိုသို့ ၁၈ နာ ရီနှုန်းဖြင့် ပုံမှန်ရရှိခဲ့သည်မှာ ရက် အနည်းငယ်သာရှိခဲ့ကြောင်းလည်း ရန်ကုန်မြို့နေပြည်သူများက ဆို သည်။



ထိုသို့ မီးပျက်တောက်မှုများ ပြားလာသည့်အတွက်လည်း မီးကို စောင့်မျော်၍ ရေတင်ခြင်းထက် နာ ရီဖြင့် အငှားရေတင်၍သာ အသုံးပြု နေရကြောင်းလည်းသိရသည်။



''မီးစက်နဲ့လိုက်ပြီးအငှားတင် တာရှိတယ်။ အစရက်တုန်းက တစ်နာရီကို အောက်ထပ်ဆိုရင် ၄၀၀၀ ကျပ်၊ အပေါ်ထပ်ဆိုရင် ၅၀၀၀ ကျပ်ပေးရတယ်။ အခု တစ် နာရီကို ၇၀၀၀ ကျပ်အထိဈေးတက် သွားတယ်။ မီးကိုစောင့်ပြီးတင်ရတာ အိပ်ရေးပျက်တာလည်းများနေပြီ၊ ရလည်းမရဘူးဆို တော့ အငှားပဲ တင် ရတာပေါ့''ဟု ရန်ကုန် မြို့နေပြည်သူတစ်ဦး ကရှင်းပြခဲ့ပါသည်။



ရေအငှားတင် ခြင်းမရှိသည့် မြို့ နယ်များတွင်မူ ရေ သန့်ဗူးဝယ်ယူအသုံး ပြုလျက်ရှိပြီး တစ် ဗူးလျင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ အ ကုန်အကျခံသုံးစွဲကာ အခက်အခဲကိုဖြေရှင်း နေရသည်ဟုလည်း လှိုင်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့ ပါသည်။



ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံများသို့ဓာတ် ငွေ့ပို့လွှတ်နေသော ပိုက်လိုင်းတစ် ချို့ပြန်လည်ပြင်ဆင်နေသည့်အတွက် လျပ်စစ်မီးပြတ်တောက်မှုများလာရ ခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိ ရပါသည်။weeklyeleven ကိုဖတ်ပြီး ပြန်လည်တင်ပြလိုက်ပါသည်.။