ရန်ကုန်မြို့၊မြေနီကုန်းရှိ Happy Zone တွင် (၁၇၊ ၄၊ ၂ဝ၁ဝ)ရက် နှစ်ဆန်းတစ်ရက် နေ့ နံနက်ပိုင်းက ဆရာကြီးမင်းသိင်္ခ၏ တပည့်ပရိသတ် (၅ဝဝ)ကျော်တို့ စုပေါင်း၍ ဘေးမဲ့ သက်လွှတ်ပွဲနှင့် ခေါင်းဆေးမင်္ဂလာပွဲကို ဆရာဇင်ယော်နီ ဦးဆောင်ပြီး အိုးစည်ဗုံမောင်းသံ ခြိမ့်ခြိမ့်ညံလျက် စည်ကား သိုက်ြိမိုက်စွာ ကျင်းပခဲ့ကြသည်ကို တွေ့ရသည်။
ယင်းပွဲတွင် ဘုရားကန်တော့ခြင်း၊ ကမ္ဘာသူကမ္ဘာသား အပေါင်းတို့အား မေတ္တာပို့ အမျှအတန်းဝေခြင်း၊ အတိတ်ကောင်း နိမိတ်ကောင်းယူလျက် ပရိသတ် (၅ဝဝ)ကျော်ကို ခေါင်းဆေးမင်္ဂလာ ယတြာပြုပေးခြင်း၊ ရွှေရင်အေး၊ မနောမယ လက်ဖက်ရည်များ တိုက်ကျွေးခြင်း၊ ငှက်အမျိုးမျိုးနှင့် ငါးများ ဘေးမဲ့လွှတ်ခြင်းများ ပြုခဲ့ကြသည်။ ဆရာဇင်ယော်နီက ¤င်းသက်မဲ့ဘေးလွှတ်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ''ရှေး မြန်မာဗေဒင်ဆရာကြီးတွေက ဗေဒင်ဟောခအဖြစ် ဆန်တစ်ပြည်နှင့် ငွေတစ်မတ်၊ ငါးမတ်၊ နှစ်ကျပ်တစ်မတ်စသည်ဖြင့် ဥာဏ်ပူဇော်ခကို ငွေတစ်မတ်အစွန်းထွက်ပြီး ယူလေ့ရှိကြ ပါတယ်။
ဒါပေမယ့် အဲဒီငွေတစ်မတ်ကိုတော့ သူတို့မသုံးကြပါဘူး။ တစ်နှစ်လုံးစုဗူးလေးနဲ့ စုပြီးအခုလို သင်္ကြန်ကျပြီဆိုတော့မှ အဲဒီစုဗူးထဲက ငွေနဲ့နွားတို့၊ ငါးတို့၊ ငှက်တို့ဝယ်ကြီး တစ်နှစ်တာ ကိုယ့်ဆီမှာဗေဒင်လာမေးခဲ့သမျှ (၇)ရက်သားသမီးအားလုံးရဲ့ ကုသိုလ်ဒါန အဖြစ် ဇီဝိတဒါနဘေးမဲ့လွှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒါဟာ ရှေးမြန်မာဗေဒင် ဆရာကြီးများရဲ့အစဉ်အလာပါပဲ။ ဒီအစဉ်အလာအတိုင်း ကျွန်တော်တို့အဘမင်းသိင်္ခ သက်ရှိထင်ရှားရှိစဉ်တုန်းကလည်း နှစ်တိုင်းတပည့်တွေ၊ ပရိသတ်တွေ စုပေါင်းပြီး ဘေးမဲ့သက်လွှတ်ပွဲတွေ ကျင်းပခဲ့ပါတယ်။
ဒီအစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ ဒီပွဲကို ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်''ဟု ရှင်းလင်းပြောကြားသည်။ ယင်းနေ့က ဆရာဇင်ယော်နီဖွင့်လှစ်သင်ပြနေသော အယူတော်မင်္ဂလာဗေဒင် သင်တန်းသူသင်တန်းသား(၇ဝ)ကျော်တို့အား နှစ်ဆန်းတစ်ရက်နေ့ နိမိတ်ကောင်းယူလျက် အောင်လက် မှတ်ချီးမြှင့်ပွဲကို ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ ဆရာဇင်ယော်နီနှင့်အဖွဲ့သည် ယင်းနေ့က ဗေဒင်ဟောခန်းဆိုင်းဘုတ်တင်ပွဲ(၆)ပွဲ၊ အလှပြင်ဆိုင်(၁)ဆိုင်နှင့် စားသောက် ဆိုင်(၁)ဆိုင်ဖွင့်ပွဲတို့ကိုလည်း ဆရာကြီးမင်းသိင်္ခ၏နည်းစနစ်များအတိုင်း စနစ်တကျ သိုက်မြိုက်စွာ ဆောင်ရွက်ပေးကြသည်ကို တွေ့ခဲ့ရသည်။
သတင်းKZY