28 April 2010

ရန်ကုန်-နေပြည်တော် လေကြောင်းခရီးစဉ် ပုဂ္ဂလိကလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲခြင်း မပြုတော့

ရန်ကုန်-နေပြည်တော် လေကြောင်းခရီးစဉ်ကို ပုဂ္ဂလိကလေကြောင်း လိုင်းများ ပျံသန်းပြေးဆွဲခြင်းမပြုတော့ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ စုံ စမ်းသိရသည်။

အဆိုပါခရီးစဉ်ကို လေကြောင်း လိုင်းများ ပျံသန်းခြင်းမပြုတော့သည်မှာ ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ် ထွန်းလာခြင်းကြောင့် ခရီးသည်များအနေဖြင့် လေကြောင်းလိုင်းအစီးနည်းပါးသွားပြီး ယင်း ခရီးစဉ်ကို Express ကားများဖြင့်သာ သွား ရောက်မှုများပြားလာသည်ဟု သိရသည်။

"နေပြည်တော်ခရီးစဉ်ကို ပုဂ္ဂလိက လေကြောင်းတွေကမပျံသန်းတာ သုံး၊ လေး လရှိပါပြီ။ ကားလမ်းပေါက်ပြီးကတည်းက သွားချင်တဲ့ခရီးသည်တွေ ခရီးသည်တင်ကား တွေနဲ့ပဲ သွားကြတာများတယ်။ ဒီနှစ်သင်္ကြန် မှာလဲ ခရီးသည်မရှိသလောက်ပါဘဲ။ လေ ယာဉ်နဲ့ဆိုရင်ဈေးကြီးပြီး အခုကားနဲ့က လွယ် ကူနေတော့ Express ကားကြီးတွေပဲ အလုပ် ဖြစ်နေတယ်လေ"ဟု Seven Diamond ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်း ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းရန်ကုန်-နေပြည်တော်ခရီး စဉ်ကို အဲပုဂံ၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး အစ ရှိသည့် ပုဂ္ဂလိကလေကြောင်းလိုင်းများက ယခင်ကပျံသန်းမှုပြုခဲ့ပြီး ယခုအခါ မြန်မာ့ လေကြောင်းလိုင်းတစ်လိုင်းတည်းသာ နေ့စဉ် ပုံမှန်ပျံသန်းပေးလျက်ရှိသည်ဟုသိရသည်။

သတင်း...YMG