ဝမ်းနည်းကြေကွဲခြင်း
ပြည်သူ့ကာကွယ်ရေးတပ်- အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု- မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်၊ ရိုးမ(၃)သတင်းဌာန- အယ်ဒီတာချုပ် ရဲဘော်မောင်မောင်ငြိမ်း (ကိုငြိမ်း) ဧပြီလ(၂၉)ရက်နေ့ နံနက်(၃)နာရီ ခန့်တွင် ကွယ်လွန်သွားကြောင်းသိရှိပါသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် မဆုတ်မနစ် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သော ရဲဘော်မောင်မောင်ငြိမ်းကွယ်လွန်ဆုံးပါးသွားခြင်းအပေါ် ကျွန်ပ်တို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ မိသားစုနှင့်ထပ်တူ၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါသည်။
ရဲဘော် ကောင်းရာသုဂတိလားပါစေ။
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
၃၀၊ ဧပြီ၊ ၂၀၁၀