နွေရာသီ ကျောင်းပိတ်ချိန် ရောက်လာသည် နှင့်အမျှ ဆိုက်ကားအရေအတွက် ပိုများလာခြင်းကြောင့် မြို့နယ်အချို့တွင် ဆိုက်ကားနင်းသူ အရေအတွက် များလာကြောင်း သိရသည်။ ငွေကြေး အရင်းအနှီးနည်းနည်းဖြင့် နေ့စဉ်ဝင်ငွေ ရရှိခြင်းက ဆိုက်ကားနင်းသူ လူငယ်များ ပိုများလာခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်မှ အနှေးယာဉ် လုပ်သား ကိုသိန်းစိုးက ပြောပြသည်။
| | “ပြင်ပ ပိုင်ရှင်တွေရဲ့ ဆိုက်ကားတစ်စီးကို စပေါ် တစ်သောင်းကျပ်လောက်ပဲ တင်ရတယ်။ ဆိုက်ကားရဲ့ အရည်အသွေးကို လိုက်ပြီး အုံနာခကလည်း တစ်ထောင်ကနေ ခုနစ်ရာကျပ်လောက်ပဲ ပေးရတယ်။ စည်ပင်သာယာ |
|
ဆိုက်ကားဆိုရင် စပေါ်ငွေ လေးသောင်းလောက် တင်ရတယ်။ ဒါပေမဲ့ အုံနာခကတော့ လေး၊ ငါးရာကျပ်လောက်ပဲ ပေးရတယ်။ ငွေနည်းနည်းနဲ့ နေ့စဉ်ပုံမှန်ဝင်ငွေ ရနိုင်တာကြောင့် လူတော်တော်များများ ဆိုက်ကား နင်းလာကြတယ်။ အခုနောက်ပိုင်း စာမေးပွဲတွေ ပြီးကြပြီဆိုတော့ လူငယ်တွေလည်း ဝင်လုပ်လာကြတယ်။ ဆိုက်ကားတွေကလည်း တော်တော်လေး များလာတော့ နင်းရဖို့ ဆိုက်ကားမရှားဘူး။ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူ ခံရရင်လည်း ပိုင်ရှင်က လိုက်ဖြေရှင်းပေးတယ်” ဟု ၄င်းက ဆက်ပြောပြသည်။
|
| ဆိုက်ကားနင်းသူ အရေအတွက် များပြားလာခြင်းကြောင့် ယခင် ပုံမှန် ဝင်ငွေအောက် ထက်ဝက် နီးပါး လျော့ကျသွားသော်လည်း၊ တခြားသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရမည့် ငွေပမာဏ မရှိကြသောကြောင့် ဆိုက်ကားကိုသာ ဆက်လက် နင်းနေကြရကြောင်း လုပ်သက်ရင့် အနှေးယာဉ်လုပ်သား ဦးမြင့်ဦးက ပြောသည်။ |
“အဘ ဆိုက်ကား နင်းလာတာ အနှစ် ၂၀ ကျော်ပြီ။ အခုနောက်ပိုင်း လေးငါးနှစ်လောက်မှာ ဆိုက်ကားအရေအတွက် အရမ်းများလာတယ်။ အခုလို ဆိုက်ကားများလာတော့ အရင်ကလောက် ဝင်ငွေ မရတော့ဘူး။ တစ်နေ့ကို ၇၀ဝ၀ ကျပ်လောက် ရတာကနေ အခုနောက်ပိုင်း ၃၀ဝ၀ ကျော် ၄၀ဝ၀ ကျပ်လောက် ရအောင် မနည်းရှာရတယ်။ နေ့ဘက်ရော၊ ညဘက်ပါ နင်းကြသူတွေ များနေတာ။ ဒါပေမဲ့ ကိုယ့်မှာလည်း အရင်းအနှီး နည်းနည်းနဲ့ လုပ်နိုင်တာဆိုလို့ ဒီလုပ်ငန်းပဲ ရှိတော့ ဒါပဲ ဆက်လုပ်နေရတယ်။ ဈေးရောင်းမယ်ဆိုရင်တောင် ဘာရောင်းရောင်း အနည်းဆုံး ကျပ် တစ်သိန်းကျော် ရင်းနှီးမှရတာမဟုတ်လား” ဟု ၄င်းက ဆက်ပြောပြသည်။ Ecovisionjournal ဂျာနယ်မှဖတ်ရပြီး ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်သည်.
|