30 April 2010

အဖွဲ့ချုပ်ပါတီ ဖျက်သိမ်းခံရမည့်ကိစ္စကို တားပေးရန် တရားစွဲဆိုလွှာတင်သွင်းခြင်းအား တရားရုံးချုပ်မှယနေ့ ချိန်းဆိုထားရာ မည်သည့်အကြောင်းပြန်မှုမပြုလုပ်သေး

အန်ကယ်တို့ တရားရုံးချုပ်မှာ ၂မျိုးတင်ပါတယ်။ တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်တစ်မျိုးက လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့တင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တင်တဲ့ အချက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပုဒ်မ ၂၅မှာ ပြဋ္ဌာန်းချက်က ရက်ပေါင်း ၆၀ အတွင်း ထပ်မံ မှတ်ပုံမတင်ရင် အဲ့ဒီပါတီဟာ အလိုလျှောက် ပျက်ပြယ်မယ်ဆိုတဲ့ အချက်ပါတယ် ... ။ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာဥပဒေနဲ့ မညီဘူး။ သူကိုယ်တိုင် လက်မှတ်ရေးထိုး မှတ်ပုံတင်ထားတဲ့ NLD ပါတီဟာ ၁၉၈၈ခုနှစ်ဥပဒေအရ တရားဝင်ပါတီ ဖြစ်တယ် ... ဒီတရားဝင်ပါတီဖြစ်တဲ့ ပေါ်မှာမူတည်ပြီးတော့ အဲ့ဒီပုဒ်မ၂၅မှာ ရက်ပေါင်း ၆၀ အတွင်း ထပ်မံ မှတ်ပုံမတင်ရင် အဲ့ဒီပါတီဟာ အလိုလျှောက် ပျက်ပြယ်မယ်ဆိုတဲ့ ဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာ အကျိုးထိခိုက်မှု မရှိကြောင်း တားဝရမ်းထုတ်ပေးပါဆိုပြီး တားဝရမ်းတင်ပါတယ်။ "

နောက်တစ်ခုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့က ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ အဲ့ဒီရွေးကောက်ပွဲဟာ တရားမျှတကြောင်း အစိုးရက ကြေငြာခဲ့တယ်။ အဲ့ဒီတော့ သူတို့ဟာ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည် ပိုင်ခွင့်ရှိသူများဖြစ်ကြောင်း ကြေငြာပေးဖို့နဲ့ ကြေငြာပြီးနောက်ပိုင်းမှာ လွှတ်တော် ခေါ်ယူပေးဖို့ အဲ့ဒါက တရားစွဲတာ ခုနဒေါ်အောင်ဆန်းစုကြည်တင်တာက Application လုပ်တာ။ အဲ့တော့ ဒီ၂ခု ဒီနေ့တင်တယ်။ တရားရုံးချုပ်က မနက်ပိုင်း ၁၀နာရီတင်တယ် ၁၂နာရီပြန်လာဖို့ ပြောတယ်။ ၁၂နာရီသွားတော့ မနက်ဖြန်နေ့လယ် ၁နာရီချိန်းတယ်။ အဲ့ဒီတော့ သူတို့ဘယ်လို သတ်မှတ်အမိန့်ချမယ် ဆိုတာတော့ မသိသေးဘူး.. ဟု အမျိုးသားဒီမိုကရေစီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ဒီနေ့ နေ့လယ်(၁)နာရီ ချိန်းဆိုထားလို့ အန်ကယ်တို့သွားခဲ့ပါတယ်.။ တရားရုံးချုပ်က အန်ကယ်ရဲ့
ဖုန်းနံပါတ်နဲ့
လိပ်စာတောင်းပြီး ဆက်သွယ်ပါမယ်ဆိုပြီးပြောလိုက်ပါတယ်.။တရားစွဲလွှာကို လက်ခံ
တယ် ၊လက်မခံဘူးဘာမှပြန်မပြောပါဘူး..ဟု အမျိုးသားဒီမိုကရေစီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း
က ပြောဆိုသွားပါတယ်။