29 April 2010

ရေးမြို့နှင့် သံဖြူဇရပ်ကြား(၁၂)ဘီးကုန်ကားတစ်စီး ယင်းတံတားပေါ်ဖြတ်မောင်းရာဝန်နှင့်အားမမျှလေတော့ တံတားကျိုးကျ



ရေးမြို့နှင့် သံဖြူဇရပ်ကြား အဝေးပြေးလမ်းပိုင်း၊ မိုင်တိုင်အမှတ် ၂၂/၂၃ကြား၊ တံတားအမှတ် ၂/၅၄အ ရောက်၌ ၁၂ဘီးကုန်ကားတစ်စီး ယင်းတံတားပေါ်ဖြတ်မောင်းရာ တံတားကျိုးကျပြီး ကုန်ကားမှာ ဘေးစောင်း မှောက်လျက်အနေအထားကို ဧပြီ ၂၀ရက် နံနက် ၁၀နာရီခွဲက တွေ့ရစဉ်။


ဖြစ်ပွားပုံမှာ ယင်းကုန်တင်ယာဉ်သည် ကုန်အပြည့်တင်လျက် ရေးမြို့သို့ဦးတည်သွားရာ၌ တံတားအ မှတ် ၂^၅၄အားဖြတ်သန်းရာ တံတားခံနိုင်ဝန်နှင့် ကုန်ကား၏အလေးချိန်မမျှသဖြင့် တံတားကျိုးကျကာ မှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ဒဏ်ရာမရရှိ ကြောင်းနှင့် ယင်းတံတားသည် ၁၉၇၇ခုနှစ်က တည်ဆောက်ထားခဲ့သည့်တံတားဖြစ်ကြောင်း သိရသည်။

သတင်း..YMG