30 April 2010

ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် ပါတီပျက်ပြယ်သည်ဆိုတဲ့ ဥပဒေအား တားဝရမ်းထုတ်ပေးရန် တရားရုံးချုပ်သို့စာတင်...

ယနေ့ တရားရုံးချုပ်သို့ အမျိုးသားဒီမိုကရေစီချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်မည်ဆိုသည့် ဥပဒေအား တားဝရမ်းထုတ်ပေးဖို့ တရားရုံးချုပ်သို့ တားဝရမ်းတင်ကြောင်း သိရပါတယ်. ...။

ဦးအောင်ရွှေအပါအဝင် လက်ရှိထိတွေ့နေတဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ဦးမှလည်း ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည်ပိုင်ခွင့်ရှိကြောင်း ကြေငြာပေးဖို့နဲ့ အဲ့ဒီနောက်ပိုင်း လွှတ်တော်ခေါ်ယူ ပေးဖို့ တရားစွဲဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

" ဒီနေ့အန်ကယ်တို့ တရားရုံးချုပ်မှာ ၂မျိုးတင်ပါတယ်။ တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်တစ်မျိုးက လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့တင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တင်တဲ့ အချက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပုဒ်မ ၂၅မှာ ပြဋ္ဌာန်းချက်က ရက်ပေါင်း ၆၀ အတွင်း ထပ်မံ မှတ်ပုံမတင်ရင် အဲ့ဒီပါတီဟာ အလိုလျှောက် ပျက်ပြယ်မယ်ဆိုတဲ့ အချက်ပါတယ် ... ။ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာဥပဒေနဲ့ မညီဘူး။ သူကိုယ်တိုင် လက်မှတ်ရေးထိုး မှတ်ပုံတင်ထားတဲ့ NLD ပါတီဟာ ၁၉၈၈ခုနှစ်ဥပဒေအရ တရားဝင်ပါတီ ဖြစ်တယ် ... ဒီတရားဝင်ပါတီဖြစ်တဲ့ ပေါ်မှာမူတည်ပြီးတော့ အဲ့ဒီပုဒ်မ၂၅မှာ ရက်ပေါင်း ၆၀ အတွင်း ထပ်မံ မှတ်ပုံမတင်ရင် အဲ့ဒီပါတီဟာ အလိုလျှောက် ပျက်ပြယ်မယ်ဆိုတဲ့ ဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာ အကျိုးထိခိုက်မှု မရှိကြောင်း တားဝရမ်းထုတ်ပေးပါဆိုပြီး တားဝရမ်းတင်ပါတယ်။ "

နောက်တစ်ခုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့က ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ အဲ့ဒီရွေးကောက်ပွဲဟာ တရားမျှတကြောင်း အစိုးရက ကြေငြာခဲ့တယ်။ အဲ့ဒီတော့ သူတို့ဟာ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရပ်တည် ပိုင်ခွင့်ရှိသူများဖြစ်ကြောင်း ကြေငြာပေးဖို့နဲ့ ကြေငြာပြီးနောက်ပိုင်းမှာ လွှတ်တော် ခေါ်ယူပေးဖို့ အဲ့ဒါက တရားစွဲတာ ခုနဒေါ်အောင်ဆန်းစုကြည်တင်တာက Application လုပ်တာ။ အဲ့တော့ ဒီ၂ခု ဒီနေ့တင်တယ်။ တရားရုံးချုပ်က မနက်ပိုင်း ၁၀နာရီတင်တယ် ၁၂နာရီပြန်လာဖို့ ပြောတယ်။ ၁၂နာရီသွားတော့ မနက်ဖြန် ၁နာရီချိန်းတယ်။ အဲ့ဒီတော့ သူတို့ဘယ်လို သတ်မှတ်အမိန့်ချမယ် ဆိုတာတော့ မသိသေးဘူး.. ဟု အမျိုးသားဒီမိုကရေစီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ဆက်လက်ပြီး " ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲကစပြီး ရပ်ဆိုင်းခြင်း ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်ခွင့်ကို ယနေ့မနက် ၉နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ကို ခေါ်ပြီးစာတစောင် ပေးတယ် အဲဒီ့စာမှာ စည်ပင်မှ ပြင်ဆင်ခွင့်ကို ဆက်လက်ဆောင်ရွက်ခွင့် ပြုတယ်လို့ ပါရှိပါတယ် . ဒါကြောင့် ပြင်ဆင်ဖို့ လုပ်ငန်းတွေ ညှိနှိုင်းဖို့ အန်ကယ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ရယ်၊ ဗိသုကာရယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ဆောင်ရွက်နေတဲ့ ရဲအထူးတပ်ဖွဲ့ကို အဲ့ဒီစာကိုပြပြီး လျှောက်ထားတယ် Respond မရသေးဘူးပေါ့ဟု" ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသွားပါတယ်။

သတင်း ...ဒီမိုဝေယံ