28 April 2010

လှိုင်မြို့နယ်ရှိ ငါးလုပ်ငန်း ကုမ္ပဏီတစ်ခု ကျပ် ၃၃၅သိန်း အခိုးခံရမှု သင်္ကြန်အကြတ်နေ့ကဖြစ်ပွား

လှိုင်မြို့နယ်ရှိ ငါးလုပ်ငန်း ကုမ္ပဏီတစ်ခုတွင် ဧပြီ ၁၆ရက် သင်္ကြန် အကြတ်နေ့က ငွေကျပ် ၃၃၅သိန်း အခိုးခံရ သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ရုံးမှ သိရသည်။


ဖြစ်စဉ်မှာ အဆိုပါငါးလုပ်ငန်းကုမ္ပ ဏီမှ အိမ်ရှင်သည် ယင်းနေ့နံနက် ၇နာရီ တွင် အိပ်ရာမှနိုးစဉ် နေအိမ်အတွင်း၌ မြွေ ရေခွံအိတ်ဖြင့်ထည့်ထားသည့် ကျပ် ၁၂၅ သိန်း အိတ်တစ်အိတ်၊ ကျပ်၂၄၅သိန်းအိတ် တစ်အိတ်နှင့် ကျပ်သိန်း၂၀၀အိတ်တစ်အိတ် တို့ကို ကြည့်ရှုရာ ကျပ် ၁၂၅သိန်းထည့်ထား သည့် အိတ်တစ်အိတ်နှင့် ကျပ်၂၄၅သိန်းထည့် ထားသောအိတ်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရသဖြင့် နေအိမ်ဝန်းကျင် လိုက်လံရှာ ဖွေရာ အိမ်ရှေ့ခြံစည်းရိုးအနီး၌ ကျပ်၂၄၅ သိန်းထည့်ထားသည့်အိတ်တွင် ကျပ် ၃၅သိန်း သာကျန်ခဲ့ပြီး ကျပ် ၃၃၅သိန်းမှာ ပျောက်ဆုံး နေကြောင်းတွေ့ရှိရသဖြင့် ဘုရင့်နောင် ပိတောက်ချောင်းရဲစခန်းသို့ တိုင်ကြားထား သည်ဟု သိရသည်။


အဆိုပါအမှုကို ပိတောက်ချောင်း ရဲစခန်းမှ ပ^၁၀၁^၁၀ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

သတင်း...YMG