10 March 2012

ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်

ရန်ကုန်မြို့မှ နံနက် ၈ နာရီခန့်က ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ကျိုက်ထိုမြို့ စိမ်းလဲ့တင် စားသောက်ဆိုင်သို့ ၁၂ နာရီမထိုးမီ ၁၀ မိနစ်ဝန်းကျင် တွင်ဆိုက်ရောက်ကြကာ နေ့လည်စာစားပြီး နာရီဝက်ခန့် ရပ်နားမည်ဟု လိုက်ပါသတင်...းယူသည့် ၀ိုင်ပီအိုင် သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်အား မွန်ပြည်နယ်ဧရိယာ အစဖြစ်သည့် စစ်တောင်းတံတား အဆင်းတွင် မွန်ပြည်နယ်မှ လာရောက် ကြိုဆိုသူ လူ ၃၊ ၄ ရာဝန်းကျင် တွေ့ရှိရကြောင်း သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ရောက်ရှိကာ ညအိပ်ရပ်နားပြီး မနက်ဖြန် နံနက် ၉ နာရီတွင် လူထုဟောပြောပွဲကို မော်လမြိုင်မှ ကျိုက်မရောမြို့သို့ သွားသည့်ကားလမ်းပေါ်ရှိ ၆မိုင်ကျေးရွာ ဘောလုံးကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။

ယနေ့ညတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ ကမ်းနားဟိုတယ်တွင် မော်လမြိုင်မြို့ မှ နိုင်ငံရေး ပါတီအချို့၊ မြို့မိမြို့ဖများနှင့် ညစာစားသောက်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

သတင်း..... Yangon Press International