04 March 2012

၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်ပွဲနှင့် သတင်းစာရှင်းလင်းပွဲအား ပြုလုပ်မည်

မတ်လ ၄ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများမှ ဝေဇယန္တာလမ်းမကြီးရှိ သီရိဂုဏ်အိမ်ရာအနီးမှ အမှတ်(၂၈၄)/က ၁၆/၃တွင် “ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း”ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားအား ပြုလုပ်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

“၈၈ကျောင်းသားမျိုးဆက်တွေက ၄ရက်နေ့ နေ့လည် ၂နာရီမှာ စပြီး ပြုလုပ်ကြမှာပါ။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေအနေနဲ့ ရှေ့ဆက်ပြီး သွားမယ့် အခြေအနေတွေရယ် ပြီးတော့ သွားခဲ့တဲ့ခရီးစဉ်တွေအကြောင်းကို ပြောသွားမှာ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ သတင်းမီဒီယာသမားတွေနဲ့ လည်း အမေးအဖြေတွေလုပ်သွားမှာပါ”ဟု ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

ထို့ပြင် မင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သည် မကြာသေးမီအချိန်ကာလက ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး အပြန် တွင် ရန်ကုန်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်ဟုလည်း သတင်းများအရ သိရသည်။

သတင်း.... yangonchronicle