10 March 2012

နေပြည်တော်ရှိ မိုင်တိုင် အမှတ် ၈၆ အား အထူးသတိပြု


မတ်လ ၅ ရက်နေ့ ည ၈နာရီကျော်အချိန်လောက်က နေပြည်တော်ခရီးစဉ်ကနေ ပြန်လာတဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ယဉ်တန်းဟာ ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင်အမှတ် ၈၆ ကို အရောက်မှာ ခဲ့နဲ့ပစ် ပေါက်ခံရပြီး လုံခြုံရေးလိုက်ပါလာသူလူငယ်တချို့ ဒဏ်ရာရခဲ့ပါတယ်။ အဖွဲ့ချုပ်က အဲဒီကိစ္စကို သက်ဆိုင် ရာတာဝန်ရှိသူတွေထံ ချက်ချင်းတိုင်ကြားခဲ့ပါတယ်။ ဒီအတွက် အမှုမှန်ပေါ်ပေါက်ရေး အသေအချာစစ်ဆေး ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဟန်သာမြင့်ကိုပြောဆိုကြောင်း 7 Day ဂျာနယ်မှာ ဖော်ပြထားပါတယ်။