10 March 2012

ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်မည့် သူများ ခေါ်ယူသွားမည်


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးအတွက် လိုအပ်သည့် အဖွဲ့ အစည်းများကို ဆက်လက်ဖွဲ့စည်းသွား မည်ဖြစ်ပြီး ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် သရုပ်ဆောင်သစ်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၏ ဥက္ကဋ္ဌ ဒါရိုက်တာ ဦးမိုးသူက ထိုရုံးခန်း ဖွင့်ပွဲနေ့တွင် ပြောကြားသည်။

"ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က အချက်အလက်တွေ ရှာဖွေစုဆောင်းတာ၊ အချက်အလက်တွေကို အခြေခံပြီးတော့ ဇာတ်လမ်းဖန်တီးဖို့ တာဝန်များကို ယူထား ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင် ကြည်တို့ရဲ့ နေရာများကိုလည်း ပြည်သူ ပြည်သားတွေ သရုပ်ဆောင်နိုင်ဖို့ လျှောက် လွှာတွေခေါ်ယူသွားမှာပါ။ ဗိုလ်ချုပ်ရုပ် ရှင်မှာ နိုင်ငံတကာနည်းပညာ အထောက် အကူပြုအဖွဲ့များ ဖွဲ့စည်းပြီးပါ ပြီ။ ဒါအပြင် ရုပ်ရှင်ကြီးကြပ်ရေး ကော်မတီနဲ့ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်း သွားမှာပါ" ဟု ၄င်းက ဆက်လက်ပြော ကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးရုံးခန်းကို ဗိုလ်ချုပ်မွေးနေ့ဖြစ် သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖွင့် လှစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်ရန် သရုပ်ဆောင်များ လျှောက် လွှာခေါ်ယူလျက်ရှိကြောင်း၊ ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်ရန်လည်း လျှောက်လွှာများ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

သတင်း..... ပြည်မြန်မာ ဂျာနယ်