05 March 2012

ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန်၌ မိန့်ခွန်းပြောရန်ဖိတ်ကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားပေးရန် ဖိတ်ကြား ခဲ့ကြောင်း ဥရောပပါလီမန်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ဥရောပပါလီမန် လွှတ်တော်အမတ် Werner Langen ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပါလီမန် ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်အား ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောဖို့အတွက် ဖိတ်ကြားထားပါတယ်။”ပာု ဂျာမနီ လွှတ်တော်အမတ် Werner Langen ပြောကြားသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ ခဲ့သည့်အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂျာမနီမှ လွှတ်တော်အမတ် Werner Langen ဦးဆောင် သည့် ကိုယ်စားလှယ် ၁၁ ဦးပါအဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက် နေ့၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၎င်း ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ သမ္မတ၊ သက်ဆိုင်ရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြား လူမှု အဖွဲ့အစည်းများနှင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပ ပါလီမန်မှ Sakharov ဆုအား ချီးမြှင့်ခဲ့ပြီးကြောင်း သိရသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လာမည့်ဧပြီလတွင် အီးယူ အစည်းအဝေးခေါ်ယူကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ် သိမ်းရေးကိစ္စရပ်အားဆွေးနွေးမည်ဖြစ်သည်။

“EU နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုသာ ရုတ်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံထဲ ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဒီ့ထက်ပိုဝင်လာတော့ မှာပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေကို အထောက်အကူပြုပေးမယ့် နိုင်ငံခြားနည်းပညာတွေ၊ ငွေကြေးတွေ ပိုမိုရရှိလာနိုင်မှာပါ။ ကြားဖြတ် ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်ဆိုရင်တော့ EU ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေပာာ ရုတ်သိမ်းသွားမယ်လို့ထင်ပါတယ်”ပာု မြန်မာ့ နိုင်ငံရေး လေ့လာနေသူ တစ်ဦးက ဆိုသည်။

သတင်း.... yangonchronicle