07 March 2012

ပြန်ကြားရေး ၀န်ကြီးဌာန၏ ငွေကြေးကွာဟမှုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးမည်

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အရ ပြန်ကြားရေးဝန်ကြီးဌာန၏ ရငွေ သုံးငွေ ငွေကြေးကွာဟနေမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

“အခု စားရင်းစစ်ချုပ်က တွေ့ရှိထားတဲ့ငွေကြေးကွာဟချက်တွေကို ပြည်သူ့လွှတ် တော် ငွေစာရင်း ကော်မတီကို တင်ပြထားတယ်၊ ကော်မတီကလည်းစိစစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အကုန်ဝေထားပြီးပြီး မကြာခင်မှာဒီအကြောင်းတွေကို လွှတ်တော်မှာဆွေးနွေးသွားမယ်” ဟု ၎င်းကဆိုသည်။

စာရင်းစစ်ချုပ်မှတွေ့ရှိထားသည့် ပြန်ကြားရေးဝန်ကြီးဌာဧ။်ငွေကြေးကွာဟချက်မှာ ၂၀၀၈-၂၀၀၉ ဘဏရေးနှစ်မှစ၍ု ၂၀၁၁ ခုနှစ် ၉လပိုင်း ဘဏ္ဍာရေးနှစ် ကျပ်သိန်းထောင်ကျော် ကွာဟလျှက်ရှိသည်ဟု ၎င်းကဆိုသည်။

ယင်းတွေ့ရှိချက်တွင် ပြန်ကြားရေးဝန်ကြီးဌာတွင် ဘက်ဂျက်လေးနှစ်စာတွင် တနိုင်ငံလုံးမှ သတင်းစာရောင်းချ၍ ရသည့် စုစုပေါင်းငွေကျပ် သိန်း ၂၅၈၀ကျော် ဘဏ်သို့ သွင်းငွေရှိ ခဲ့သော်လည်း ဌာနသို့ ပြန်လည် သွင်းယူရောက်ရှိသွားသည့် ငွေမှာကျပ်သိန်း၁၅၀၀ ကျော်သာ ရှိသည်။

“ကြားက တစ်ထောင်ကျော်ကျော် ဌာနကိုပြန်သွင်းဖို့ ကျန်နေတယ် ၊ကွာနေတယ်။ ဘဏ်နဲ့ဌာနကြားမှာ ငွေကပျောက်နေတယ် ဒီလိုဖြစ်တာဟာ ဌာနမှာ ကြီးကြပ်ကွပ်ကဲမှုစနစ်အားနည်းနေလို့ ဌာနမှာတာဝန်ယူထားတဲ့ သူတွေ တာဝန်ရှိတယ်၊သူတို့အပေါ်မှာ အယုံအကြည်နည်းတယ်”ဟု ဦးခိုင်မောင်ရည် ကဆိုသည်။

ထို့အပြင်ဦးခိုင်မောင်ရည် အနေဖြင့်ပြန်ကြားရေး ၀န်ကြီးဌာနနှင့်တာဝန်ရှိသူအပေါ် အယုံအကြည်နည်းနေသည့် အချက်ကို ဖြည့်စွက်တင်ပြရန်အတွက် ၎င်းကိုယ်တိုင် အချက်အလက်အချို့ကို ကွင်းစင်းစစ်ဆေး ရှာဖွေစုဆောင်းနေ သည်ဟုဆိုသည်။

“ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ပတ်သတ်ပြီးတိုင်ကြားစာတွေလဲအများကြီးပဲ ၊ဌာနပိုင်းမှာ အလွဲသုံးစားလုပ်ထား တဲ့ငွေကြေးရော ၊ပစ္စည်းရော အားလုံး ကျွန်တော်တို့ အချက်အလက်တွေစုဆောင်းထားပြီးပြီး ဒီအချက်တွေနဲ့ ပတ်သတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို အယုံအကြည်နည်းနေတယ်ဆိုတဲ့ အချက်ကို ထပ်မံဖြည့်စွက်သွားမယ်”ဟု၎င်းကပြောသည်။

ရှာဖွေတွေ့ရှိထားသည့်အချက်အလက်များကိုလည်းသက်ဆိုင်ရာ ကော်မတီသို့ တင်ပြသွား မည်ဖြစ်ပြီး ကော် မတီမှစိ စစ်ပြီး ပါက လွှတ်တော်သို့ချပြသွားမည်ဟုဆိုသည်။

ယခု ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပတ်သတ်သည့် ငွေကြေးကွာဟချက်ကို ပြည်သူ့လွှတ်တော်သို့ ဆွေးနွေးပြီး
နောက် ပြည်ထောင်စုလွှတ်တော်သို့ပါ ထပ်မံတင်ပြဆွေးနွေးသွားမည်ဟုဆိုသည်။ ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီးမှာ ဦးကျော်ဆန်းဖြစ်၍ ယခုလက်ရှိတွင် ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာနကိုပါတွဲဖက် တာဝန်ယူထားသူဖြစ်သည်။ အစိုးရအဖွဲ့ထဲတွင် ၎င်းအား သဘောထား တင်းမာသူ၊ ရှေးရိုးစွဲသူ အဖြစ် သိရှိထားကြသည်။

ဝန်ကြီးဌာများ၏ ငွေကြေးကွာဟမှုနှင့် ပတ်သက်၍ ပြည်ထောင်စုစားရင်းစစ်ချုပ် တွေ့ရှိထားချက်အရ ဆိုရလျင် ပြန်ကြားရေးဝန်ကြီးဌာနအပြင်၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန ၊အမှတ်(၁) စက်မှုဝန်ကြီးဌာန စသည့် ၀န်ကြီးဌာန ၆ ခု တို့ပါပါဝင်သည်ဟု သိရှိရသည်။

အဆိုပါတွေ့ရှိထားသည့် ၀န်ကြီးဌာနများ၏ ငွေကြေးကွာဟမှု အချက်အလက်များအားလုံးကို လွှတ်တော်တွင်ဆွေးနွေးသွားမည်ဖြစ်သည်။ ။

သတင်း....Yangon Press International