06 January 2011

ပြည်တွင်း မှ လူငယ်များ အတွက် စိုးရိမ်သော အုပ်ထိန်းသူတဦး၏ရင်ဖွင့်သံ

ရန်ကုန်မြို့၏ အထင်ကရ လမ်းမ ကြီးများနှင့် လမ်းဆုံ လမ်းခွ အချက်အချာ ကျသော နေရာ များတွင် ရှိသော အရက်ဆိုင်၊ ဘီယာ ဆိုင် များ တွင် အရက် အမျိုးမျိုး တို့၏ ကြော်ငြာ များကို မြန်မာမိန်းကလေးမော်ဒယ် လေးများ၏ မပေါတပေါ အယတ်အစားများနှင့် ဖော်ချွတ်ပုံ များကို ကြော်ငြာ ထားကြရာ ဖြတ်သွား ဖြတ်လာ ကလေး လူငယ်များ အဖို့ ဆွဲဆောင်မှု တစ်ရပ် သဖွယ် ဖြစ်နေ ပါ၍ ထိုသို့ ပြောင်ပြောင် တင်းတင်း ကြော်ငြာ နေမှု များကို တစ်နည်းနည်း ဖြင့် ဟန့်တား ပိတ်ပင် တားဆီးသင့် သည်ဟု ထင်မြင် ယူဆ မိပါသည်။

လက်ရှိအစိုးရ မှ ထိုသို့ ကြော်ငြာများကို ဖော်ပြခွင့် မပေးပါဘူး အမိန့်တွေထုတ်ထားပေမယ့် ယနေ့အချိန်ထိ လူမြင်ကွင်းများတွင် ကြော်ငြာ မှုများက ရှိဆဲပါ.။အမျိုးကောင်းသမီးမိန်းကလေးများအားယခုကဲ့သို့ ဖော်ချွှတ်ပြီး မပေါတပေါ တွေ ပြသနေသော ကြော်ငြာ များအားအမြန်ဆုံး ဖြုတ်ချ ပေးဘို့ လက်ရှိအစိုးရ တွင် တာဝန် အရှိဆုံးဖြစ်ပါသည်.။



မြန်မာပြည်တွင်းမှ အုပ်ထိန်းသူ တစ်ဦး၏ ရင်ဖွင့်သံ

.......................................................................................................................။