04 January 2011

ဘုရားကြီးကျောင်းတိုက် ဆရာတော်၏ ကြွင်းကျန်ရုပ်ကလာပ်တော် သက်တော်ရှိစဉ် ကဲ့သို့ တည်ရှိ


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂ ပူမြို့နယ်၊ ပန်းတင်အုပ်စု၊ ကန်ဆည် ကျေးရွာ၊ ဘုရားကြီးကျောင်းတိုက် ပဓာနနာယက၊ ဓမ္မာနု ဓမ္မ မဟာ ဒွါရနိကာယ သြဝါဒါစရိယ၊ မြို့နယ် သံဃနာယကအဖွဲ့(မဟာဒွါရ) ဥက္ကဋ္ဌ၊ ဘဒ္ဒန္တဂုဏဝံသ ဆရာတော် ဘုရားကြီး၊ သက်တော် ၁ဝဝ နှစ် သည် ဒီဇင်ဘာ ၅ ရက်နံနက် ၁ဝ နာရီ ၁၇ မိနစ်တွင် ပျံလွန်တော်မူ ပြီးနောက် ကြွင်းကျန်ရစ်သော ရုပ် ကလာပ်တော်မှ ထူးခြားမှုများ တွေ့ ရှိရသဖြင့် ရာသက်ပန် ဗိမာန်တည် ဆောက်၍ အပူဇော်ခံထားရှိသွား မည်ဖြစ် ကြောင်း သိရသည်။

သိက္ခာတော် ၈ဝ ဝါ၊ သက် တော် ၁ဝဝ နှစ်ရှိ ဆရာတော် ဘုရားကြီးမှာ ပျံလွန်တော်မူပြီးသည့် ရက်မှ ယနေ့အထိ မပုပ်မသိုးရှိခြင်း၊ ခန္ဓာတော်မှာ ပကတိအတိုင်း ပျော့ ပျောင်း၍ ခြေလက်များ ကွေးညွတ် နိုင်ခြင်း၊ အသားအရည်မပြောင်း လဲ ခြင်း၊ ဆံတော်နှင့် မုတ်ဆိတ် တော်များ ပြန်လည်ရှည်ထွက်လာ သည် သာမက အနက်ရောင် မုတ် ဆိတ်တော်များအသစ်ထွက်လာခြင်း၊ ခြေသည်း၊ လက်သည်းများ ရှည် လာခြင်း စသည်တို့အပြင် အခြား ထူးခြားမှုများပါ ဖြစ်ထွန်းခဲ့သည်။

သို့ဖြစ်၍ ပျံလွန်တော်မူပြီး ၁၁ ရက် မြောက်နေ့တွင် ဒွါရသာသနာပိုင် ဆရာတော်များနှင့် တပည့်ရင်း ဒကာ၊ ဒကာမများ၏ဆန္ဒအတိုင်း မူလအစီအစဉ်ဖြစ်သော မီးသ ဂြုင်္ိဟ် မည့် အဂ္ဂိနဈာပနအား ပယ်ဖျက်၍ ဗိမာန်တည်ဆောက်ကာ မှန်ခေါင်း တော်ဖြင့် အပူ ဇော်ခံထားရှိမည်ဖြစ် ကြောင်း ဆရာတော်ဘုရားကြီးအား နှစ်ပေါင်းများစွာ အနီးကပ်ဝေယျာဝစ္စ ဆောင်ရွက်ပေးခဲ့သော မြေးတော် စပ်သူ ကိုစိုးသန်းက ပြောသည်။”ပထမတော့ အစဉ်အလာ အတိုင်း မီးသဂြုင်္ိဟ်ဖို့ စီစဉ်ပါတယ်။

ဒါပေမဲ့ လက်ရှိ အားလုံးဖူးတွေ့ရတဲ့ အခြေအနေတွေကြောင့် တပည့်ရင်း ဒကာ၊ ဒကာမတွေက ဗိမာန်နဲ့ အပူ ဇော်ခံထားဖို့ တောင်းဆိုကြ ပါတယ်။ နောက်ဆုံးမှာ ဒွါရသာသနာပိုင် ဆရာတော်များက ဆယ်ရက်စောင့် ကြည့်မယ်၊ ပြီးရင်တော့ ဒကာ၊ ဒကာမတွေရဲ့ သဒ္ဓါတရားအတိုင်း ပူဇော်ကြပါလို့ ခွင့်ပြုတဲ့အတွက် ၁၁ ရက်မြောက်မှာ အခုလို အတည်ပြုခဲ့ တာပါ”ဟု ၄င်းက ဆိုသည်။ ဆရာတော်ဘုရားကြီးသည် ယခု သက်တော် ၁ဝဝ အထိ အနာ ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်ခံစား ခဲ့ရခြင်းမရှိဘဲ ၂ဝ၁ဝ ဧပြီမှစကာ ဆွမ်းကောင်းစွာသုံးဆောင်နိုင်ခြင်း မရှိတော့ဘဲ ခုတင်ထက်တွင်သာ သီတင်းသုံး၍ ဝိပဿနာတရားကို အချိန်ပြည့်အားထုတ်တော်မူနေခဲ့ ကြောင်း သိရသည်။”

ဘုန်းဘုန်း သက်တော် ၈ဝ ကစပြီး မွေးနေ့ဖြစ်တဲ့ နတ်တော် လပြည့်နေ့တိုင်း မွေးနေ့ပူဇာသဘင် လုပ်ခဲ့တာပါ။ ဒီနှစ်လည်း ရာပြည့် မွေးနေ့ပူဇော်ပွဲအတွက် ဒီဇင်ဘာ ၅ ရက်မှာ ကျွန်တော်တို့ ဒကာ၊ ဒကာမတွေ စည်းဝေးလုပ်ဖို့ ဆုံကြ ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ နေ့မှာ ဘုန်းဘုန်းက ပျံလွန်တော်မူ သွားခဲ့ပါတယ်။ ဘုန်းဘုန်းရဲ့ ထူးခြားမှုတွေ၊ နှစ်ပေါင်းများစွာ ကြုံခဲ့ ရတဲ့ အတွေ့အကြုံတွေ အများကြီး ပါ။ ပျံလွန်တော်မူတဲ့နေ့မှာ သိသိ ချင်း ဘုန်းဘုန်းအခန်းထဲဝင်တော့ တစ်ခါမှ မရဖူးတဲ့ အမွှေးနံ့ကို ရပါ တယ်။ အားလုံးရတာပါ။ အနံ့က ပြင်းလိုက်၊ ပျော့လိုက်နဲ့။ ကြာကြာ ရှူလိုက်ရင် ရင်ထဲမှာ အီလာပြီး မူးချင်သလို မော်ချင်သလို ဖြစ်လာ တယ်။ နောက်တစ်ခု ထူးခြားတာ က ငိုသံတွေ ကြားရတာပဲ။

ကြိတ် ပြီး ရှိုက်ငိုနေတဲ့အသံတွေ ကြားရ တယ်။ အဲဒါ ပျံလွန်တော်မူတဲ့နေ့မှာ ကြုံခဲ့ရတဲ့ ထူးခြားမှုပါ” ဟု ၄င်းက ထပ်လောင်းပြောသည်။၎င်းအပြင် သက်တော်ထင်ရှား ရှိစဉ်ကာလများအတွင်း ထူးခြားမှု အများအပြားရှိခဲ့ပြီး သက်တော် ၉ဝ ပြည့် ဓမ္မပူဇာပွဲတွင် ကျောင်းတိုက် အတွင်းရှိ ဇိနမာရဇိန်စေတီတော် ရင်ပြင် ပတ်ပတ်လည်သို့ အချိုင့် အခွက်ငယ်များပါသည့် ပဲစေ့ သဏ္ဌာန်အခဲများ ရွာချခဲ့ဖူးသည်။ ယခုနှစ် နယုန်လဆန်း ၆ ရက်တွင် လည်း ဒကာမများမှ စေတီတော် ကြီးတွင် ဆရာတော်ကြီးအတွက် သပြေပန်းနှင့် ဆီမီးတစ်ထောင် ပူဇော်စဉ် မွေးနံဖြစ်သော တနင်္လာ ထောင့်တစ်နေရာတည်းသို့ အဆိုပါ ပဲစေ့သဏ္ဌာန်များ မိုးပမာ ထပ်မံ ရွာချခဲ့ကြောင်း ဒကာရင်းတစ်ဦး ဖြစ်သူ ဈာပနသတင်းမှတ်တမ်း ပြန်ကြားရေးကော်မတီ အတွင်းရေး မှူး ဦးခင်မောင်သိန်းက ပြောသည်။”ကိုယ် ကိုးကွယ်တဲ့ ဆရာ တော်မို့ အမွှမ်းတင်ပြောတာမျိုး မဟုတ်ဘူး။ အမှန်တကယ် ဖြစ်ပျက် ခဲ့တာတွေ အရင်းအတိုင်း မျှဝေ ပေးတာပါ။

ဆရာတော် ဘုရားကြီး ဟာ မိုးကုတ် ဝိပဿနာနည်း အတိုင်း အပြည့်အဝအားထုတ် တော်မူခဲ့သည်။ ဝိနည်း ကို လည်း အထိ အခိုက် မခံပါ ဘူး။ ဆရာ တော် ဟောခဲ့ တဲ့ တရား တွေ၊ ကျင့်ကြံ ဖို့ ပေးခဲ့တဲ့ နည်းတွေက ဘာနဲ့မှ အဖိုး ဖြတ်မရပါဘူး။ ကျေးဇူးရှင် ကြီးပါ။ ဆရာ တော်ကြီးရဲ့ တရားအဆင့် ကို ကျွန်တော်တို့လို ပုထုဇဉ်တွေ အနေနဲ့ ဆုံးဖြတ်နိုင်တဲ့ ဥာဏ် မမီပါဘူး။ ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်တွေ အပေါ် အကြွင်းမဲ့ကြည်ညိုကိုးကွယ် ခဲ့တာပါ။ ခုတော့ အားလုံးအတွက် အစားထိုး မရတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ခဲ့ပြီပေါ့”ဟု ၄င်းက ထပ်လောင်း ဆိုသည်။

ဆရာတော်ဘုရားကြီး၏ ရုပ် ကလာပ်တော် အပူဇော်ခံထားရှိမည့် ဗိမာန်တော်အား ဒကာ ရင်း ဖြစ်သူ သစ်တောရေးရာဝန်ကြီးဌာနဝန်ကြီး ဦးသိန်းအောင်နှင့်ဇနီးတို့မှ လှူဒါန်း သွားမည်ဖြစ်ပြီး အခြား စေတနာ ရှင်များလည်း ပါဝင်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ ဆရာတော်ဘုရား ကြီးအား ဖူးမြော်လိုသူများ၊ ကုသိုလ် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဟင်္သာတမြို့အလွန် အင်္ဂပူမြို့နယ် နှင့် မဲဇလီ ကုန်းမြို့ နယ်တို့ကြား ကန် ဆည်ကျေးရွာ၊ ဘုရားကြီးကျောင်း တိုက်သို့ သွားရောက်နိုင်ရန် လှိုင် သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေး ဂိတ်ရှိ ‘ဝတစ်လုံးအဆွေတော်’ကား ဂိတ်တွင်စုံစမ်းဆက်သွယ်နိုင်ကြောင်း သိရသည်။