02 January 2011

မန္တလေးမြို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘီးလှိမ့်ခွန်များ ပေးသွင်းရန်ကြေညာ


မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနက မန်း/စည်ပင် နယ်နမိတ်အတွင်းရှိ ဌာနဆိုင်ရာ ယာဉ်များ၊ အဖွဲ့အစည်းပိုင်ယာဉ်များ၊ ပုဂ္ဂလိကပိုင်ယာဉ်များနှင့် မော်တော်ယာဉ်များအားလုံးသည် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် ဘီးလှိမ့်ခွန် တာဝန်ခံရုံး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန တိုင်းဒေသကြီးရုံး) တွင် ၂၀၁၁ ဇန်နဝါရီ ၁ ရက်မှ စတင်ပေးသွင်းနိုင်ကြောင်း ဖော်ပြထားသည်။

၂၀၁၁ မတ် ၃၁ ရက်ထက် နောက်ကျပြီး ပေးသွင်းပါက ရက်လွန်ကြေး ကျပ် ၂၀၀၀ ပေးသွင်းရမည်ဖြစ်သည်။ ဘီးလှိမ့်ခွန်ဆောင်ရန်အတွက် ယာဉ်အမျိုးအစား ခြောက်မျိုး ခွဲခြားရာ ယာဉ်အမျိုးအစားအလိုက် ဘီးလှိမ့်ခွန်ကောက်ခံမှု ကွဲပြားသော်လည်း ယာဉ်အားလုံးအတွက် ကတ်ပြားဖိုး ကျပ် ၁၀၀ ကောက်ခံမည်ဖြစ်သည်။ မော်တော်ဆိုင်ကယ် တစ်စီးလျှင် ဘီးလှိမ့်ခွန် ၉၀၀ ကျပ်၊ ဂျစ်ဆလွန်း၊ သုံးဘီး၊ ဗင်၊ မာဇဒါဂျစ်၊ B- ၃၆၀၊ B- ၆၀၀၊ ထော်လာဂျီ၊ လင့်ရိုဗာ၊ စတင်ရှင် ဝက်ဂွန်များအတွက် ကျပ် ၁၉၀၀၊ ဆန်နီပစ်ကပ်၊ ဗင်နတီဒီ ၁၂၀၀ အထိ၊ ပရက်စတို တစ်စီး ကျပ် ၂၄၀၀၊ ဟိုင်းလတ် ဟိုင်းအေ့စ်၊ တောင်းအေ့စ်၊ လိုက်အေ့စ် ဒီ ၁၂၀၀ အထက် တစ်စီး ကျပ် ၂၉၀၀၊ ဒိုင်နာ၊ လိုက်ထရပ်၊ တိုယိုအေ့စ် ၂ တန် ယာဉ်တစ်စီး ၃၄၀၀ ကျပ်၊ ၃ တန်နှင့် ၃ တန်နှင့်အထက် တစ်စီး ကျပ် ၄၉၀၀ ဖြစ်ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။