08 October 2011

အမရပူရမြို့နယ်၊တောင်မြို့တွင် လူ ၅၀၀ ၀န်းကျင်အစာအဆိပ်သင့်ပြီး ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားလျက်ရှိ



မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်(တောင်မြို့)ရှိ ကြံတန်း ရပ်ကွက် အမရပူရပွဲတော် ကျောင်းတိုက်တွင် ရဟန်းခံရှင်ပြုပွဲ ကျင်းပနေစဉ် အစားအသောက်နှင့် သောက်သုံးရေပြသာနာကြောင့် လူ၅၀၀နီးပါး ၀မ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်ပေါ်နေပြီး သောက်သုံးရေအလှူရှင်များလည်း လိုအပ်နေကြောင်း သိရသည်။

ရှင်ပြုရဟန်းခံသို့ လာရောက်ကြသော အလှူရှင်များ အစာအဆိပ်သင့်ခြင်း နှင့် သောက်သုံးရေများ မသန့်ရှင်းခြင်းများကြောင့် ၀မ်းပျက်ဝမ်းလျှောခြင်း သည် ရွှေတစ်ချောင်းမှ ရေပုဒ်ရေဆိုးများကို အမရပူရမြို့သို့ စွန့်ထုတ်ခြင်းကြောင့် ရပ်ကွက်ရှိ သောက်သုံးရေတွင်းများထဲသို့ ၀င်ရောက်ခြင်း ဖြစ်ကြောင်း အမရကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်များထံမှ သုံးသပ်ပြောဆိုသည်။

“အဓိကက အစားအစာကြောင့်ရယ် သောက်သုံးရေကြောင့်ပေါ့ ရွှေတစ်ချောင်ကစွန့်ပစ်တဲ့ ရေပုပ်တွေက အမရပူရမှာ တင်နေတော့ အဲ့ရေပုပ်တွေက ရပ်ကွက်မှာရှိတဲ့ ရေတွင်းတွေ ထဲကို ရောက် ကုန်တော့ သောက်မိတာတွေလည်းရှိတယ် အခုက အလှူကိုလာတဲ့လူတော်တော်များများဖြစ်တယ် “ဟု အမရသုခကုသိုလ်ဖြစ်ဆေးခန်းမှ ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။

မန္တလေးမြို့တစ်မြို့လုံး၏ ရေပုပ်ရေဆိုးများကို အမရပူရမြို့သို့ ပို့လွှတ်ပြီး အဆိုပါ ရေများကို ဖယ်ထုတ်ခြင်းမရှိဘဲ့  လေလံတင်၍ ငါးမွေးခြင်းများပြုလုပ်နေသောကြောင့်လည်း အခုလို ၀မ်းပျက် ၀မ်းလျှောခြင်း ဖြစ်ရပြီး ရေပုပ်ရေးဆိုးများကို သက်ဆိုင်ရာ ဓာတ်ခွဲခန်းများမှ စစ်ဆေးဖော်ထုတ်သင့်ကြောင်း အဆိုပါ ဆရာဝန်ကဆိုသည်။

“ ရေပုပ်တွေက ဒီရပ်ကွက်မှာ ၄လလောက်ရှိပြီ မိုးကမရွာတာ ၂ရက်လောက်ဘဲရှိတယ် ဒါပေမဲ့ ရေပုပ်တွေကို တိတိကျကျဖြစ်အောင် သက်ဆိုင်ရာ ဓာတ်ခွဲခန်းတွေက ဒါကိုစစ်ဆေးသင့်တယ် ၀မ်းပျက်ဝမ်းလျှောဖြစ်ရတာ ဘယ်လိုပိုးကြောင့်လဲဆိုတာကိုပေါ့ အန်နယ်လိုက် လုပ်ပေးဖို့လိုတယ်”ဟု အမရပူရသုခကုသိုလ်ဖြစ် ဆေးခန်း မှ ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုသည်။

ရပ်ကွက်အတွင်းတွင်လည်း ရေပုပ်ရေဆိုးများ ဆက်လက်ရှိနေသောကြောင့် ၀မ်းပျက်ဝမ်းလျှောသူ အားလုံး ၄၀၀ကျော် ၅၀၀ နီးပါးဖြစ်လာပြီး မန္တလေးမြို့ ဆေးရုံကြီး ၊ ကမ်းနားဆေးရုံ နှင့် အမရပူရ ဆေးရုံများသို့ ခေါ်ဆောင်သွားရကြောင်း အမရပူရသုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ခံထံမှသိရသည်။

“လူနာတွေက ကျွန်တော်တို့ ကုနေတုန်းက ၃၀၀ ကျော်လောက်အခု ၅၀၀ နီးပါးဖြစ်လာပြီ အမရပူရဆေးရုံမှာဆိုရင် လူနာမဆံ့တော့ဘူး အဲ့ဒါကြောင့် မန္တလေးမြို့က ဆေးရုံ တို့ ကမ်းနားကဆေးရုံ တွေကို ပို့လိုက်ရတယ်” ဟု အမရပူရသုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ခံ အောင်ဆန်းဝင်းက ပြောသည်။

ဆေးရုံများတွင်လည်း အဆိုပါ ၀မ်းပျက်ဝမ်းလျှောဖြစ်နေသောလူနာများအတွက် ဆန်ပြုတ် ၊ ဓာတ်ဆားထုတ်များ နှင့် ရေသန့်များ အဆက်မပြတ် ပေးပို့နေရကြောင်း ဆရာဝန်များထံမှ သိရသည်။

သတင်းများအား ပြန်လည်မျှဝေ ပေးသော မြစ်မခမီဒီယာ အားကျေးဇူးတင်ရှိပါသည်.။