07 October 2011

သြစတြေးလျမှ မြန်မာ ကျောင်းသား ဗီဇာနှင့် ပတ်သက်၍ လိုအပ်ချက် အချို့ ပယ်ဖျက်

သြစတြေးလျ နိုင်ငံမှ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ လာရောက်ကြမည့် ကျောင်းသား ဗီဇာများနှင့် ပတ်သက်၍ လိုအပ်ချက် အချို့ကို ပယ်ဖျက် သွားမည် ဖြစ်ပြီး၂၀၁၂ ခုနှစ် ဒုတိယ စာသင် နှစ်ဝက်မှ စတင်ကာ အကျုံးဝင် သွားမည်ဖြစ် ကြောင်း သိရှိ ရပါသည်။

ယခင်က သြစတြေးလျသို့ ကျောင်းလျှောက် ထားသူများ အနေဖြင့် ဗီဇာ အတွက် လိုအပ်သည့် ဘဏ် စာရင်းပြသရမှုတွင် ပမာဏများရာမှ ပမာဏအနည်းငယ်သို့ လျှော့ချ လိုက် ခြင်း၊ ဗီဇာ စစ်ဆေး သည့် အချိန်ကို ပိုမိုမြန်ဆန် လာစေရန် ပြုလုပ်ခြင်းနှင့် အင်္ဂလိပ်စာ လိုအပ်ချက်များကို လျှော့ချခဲ့ခြင်း တို့ပါဝင်ခဲ့ရာ တက္ကသိုလ် ကျောင်း လျှောက်ထား သူများ ကိုသာ ထိုအချက်ထဲတွင် ပါဝင်အကျုံးဝင်မည်ဖြစ်ပြီး TAFE ကဲ့သို့သော ကောလိပ်၊ အသက်မွေးဝမ်း ကျောင်းများ မပါဝင်သေးကြောင်း သြစတြေးလျ သတင်း များတွင် ဖော်ပြထားချက် များအရ သိရှိရပါသည်။

“အဓိက အချက်လေးတွေ အနေနဲ့ သြစတြေးလျ ကျောင်းသားဗီဇာ လိုအပ်ချက်အရ အင်္ဂလိပ်စာ အရည်အသွေး အနည်းဆုံး ကျွမ်းကျင်မှုလေးတွေကို မပြည့်မီသော်လည်း ခွင့်ပြုထား ပေးတယ်။ အရင်က Pre Visa Assessment စနစ်တွေကို ဖျက်သိမ်းလိုက်ပြီး မိမိတို့ရဲ့ စာသင်နှစ်မစတင်မီ လေးလ အလိုမှသာ ဗီဇာလျှောက်ထားခွင့်ပေး ခဲ့တဲ့အတွက် အချိန် တိုသွား တယ်”ဟု Crown Education ပညာရေး ၀န်ဆောင်မှုလုပ်ငန်းမှ သြစတြေးလျ ကျောင်းပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ရှင်းပြခဲ့သည်။

ပယ်ဖျက်ခဲ့ သည့် အချက်များ စွာထဲမှ ကျောင်းသားများ၏ အလုပ်လုပ် ကိုင်ခွင့်နှင့် ပတ်သက်၍ ယခင် က ချမှတ်ထားသော ဘွဲ့တစ်ခုချင်းစီ အလိုက် အလုပ်လုပ် ကိုင်ရန် ပြဋ္ဌာန်း ထားသော Skill Assessment စနစ် ကိုပယ်ဖျက်ခဲ့ခြင်း၊ ဘွဲ့ရကျောင်းသားတစ်ဦး၏ ကျောင်းပြီးပါက အလုပ်လုပ်ကိုင်ခွင့် Post Study Work visa ကို ယခင် ၁၈ လမှ ၂၄ လထိ တိုးမြှင့်မှုများ ပါဝင်ခဲ့ကြ သည်။

“သြစတြေးလျ ဗီဇာက သတ်မှတ်ချက် အရမ်းမြင့်ခဲ့သလို တက္ကသိုလ် တက်မယ့် ကျောင်းသားတစ်ဦးအနေ နဲ့ သူ့လိုအပ်ချက်ပြည့်မီပြီး စာရွက် စာတမ်းမှန်ကန်ရင်တော့ ဗီဇာရနိုင်ပါတယ်။ အခု ဗီဇာ ကန့်သတ် ချက်တွေ ပြောင်းလဲ လိုက်တဲ့ အတွက် သြစတြေးလျ ဗီဇာရရှိဖို့လည်း လွယ်ကူသွား စေနိုင်မယ်လို့ ထင်ပါတယ်”ဟု သြစတြေးလျ ပညာရေးကျွမ်းကျင်သူ တစ်ဦး က ရှင်းပြခဲ့ သည်။

သတင်း... Eleven Media Group