04 October 2011

အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပါတီမှတ်ပုံတင်ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးလျက်ရှိ

ယနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် (စီအီးစီ) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့မြစ်ဆုံကိစ္စနှင့်အန်အယ်ဒီပါတီ၏ မှတ်ပုံတင်ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

`မြစ်ဆုံကိစ္စကိုတော့ အန်အယ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအားလုံးက ၀မ်းမြောက် ၀မ်းသာစွာနဲ့ ကြိုဆိုကြပါတယ်၊ မှတ်ပုံတင်ကိစ္စကိုတော့ ဆွေးနွေးနေဆဲပါ၊ တစုံတရာ ဆုံးဖြတ်တာမျိုး မရှိသေးပါဘူး၊ မကြာခင်တော့ ဆုံးဖြတ်ချက်ကြတော့မှာပါ`ဟု ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်မတို့ ဘယ်လောက်အတိုင်းအတာအထိ လုပ်နေသလဲဆိုတာတော့ ကျွန်မတို့ က ဒီဟာတွေမှာပြည်သူတွေ အတွက် အကျိုးဖြစ်နိုင်မယ့် အတိုင်းအတာအခုအထိ လုပ်သွားမှာပါ တက်နိုင်သမျှ ကျိုးစားပြီးတော့ တိုင်းပြည်အတွက် အကျိုးဖြစ်မယ့် ကိစ္စတွေမှာ ကျွန်မတို့ အင်တိုက်အား တိုက်ပါဝင် သွားမည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ခုနှစ် စက်တင်ဘာ

၃၀ရက်နေ့တွင် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့်တွေ့ဆုံပွဲအပြီးတွင် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးအကျဉ်းသားလွတ်ပေးရန် စဉ်းစားဆောင်ရွက်နေသည့် ကိစ္စ၊ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးအတွက် နှစ်ဘက်ပူးပေါင်းနိုင်ရေး နည်းလမ်းများ၊ ဥပဒေပြင်ပတွင်

လက်နက်ကိုင်၍ ဆန့်ကျင်နေသေားဥပဒေဘောင်အတွင်း နိုင်ငံတော်အစိုးရကဆောင်ရွက်နေသည့်

ကိစ္စများ နှင့်ပြည်တွင်းတည်ငြိမ်း ငြိမ်းချမ်းရေးနှင့်တရားဥပေဒေစိုးမိုးရေးတို့အတွက် ပူပေါင်းဆောင်ရွက်ကိစ္စတို့ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အန်အယ်ဒီနှင့်ပတ်သက်သော သဘော ထားကို ပြည်တွင်းသတင်းထောက်တစ်ဦးက မေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့သည်။

`အန်အယ်ဒီသာ ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျနော်တို့ အန်အယ်လ်ဒီနဲ့အတူ လက်တွဲပြီးဆောင်ရွက်သွားဖို့ အမြဲတမ်းတိုင်ပင်လျက်ရှိပါတယ် ``ဟု ဦးအောင်ကြည်က ထုတ်ပြန်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အန်အယ်ဒီမှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး အန်အယ်ဒီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောဆန္ဒအတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမက အန်အယ်လ်ဒီအတွက် အားလုံးကို ပြောပေးလို့မရပါဘူး ကျမတို့ စီအီးစီကို တင်ပြပြီးမှ ကျမတို့ ဘယ်လို ဖြေမလဲဆိုတာ ကျမတို့ ပြောရမှာပါ ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံရန်အစီစဉ်ရှိမရှိဟုသေချာ မသိရှိ ရသေးသော်လည်း တွေ့ဆုံလိမ့်မည်ဟု ခန့်မှန်းပြောဆိုချက်များ ထွက်ပေါ်လျက်ရှိသည်။

သတင်းများပြန်လည် ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။