06 October 2011

လိုင်သာယာမြို့နယ်၏ တတိယမြောက်ဆန္ဒပြတောင်းဆိုသည့် အထည်ချုပ်စက်ရုံ..


အောက်တိုဘာ ၊ ၅ရက်နေ့တွင်လိုင်သာယာမြို့နယ် အောင်ဇေယျတံတားထိပ် ကချင်ဆရာတော်ကြီးကျောင်း အနီးရှိ အမှတ် ၁၊၁၀ THE MYTH APPREL MYANMARအထည်ချူပ်စက်ရုံတွင် ယခုလက်ရှိ ၀န်ထမ်းအလုပ်သမားများ ဆန္ဒပြနေကြောင်း ယင်းနေရာတွင်ရောက်ရှိနေသော 88 နိုင်ငံရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။

ယင်းစက်ရုံတွင် လုပ်သားပေါင်း ၇၀၀ကျော်ရှိပြီး၊ပြီးခဲ့သည့်လတွင် ရက်ပေါင်း ၂၀ အတွက် အချိန်ပိုလုပ်ခ ၄၂၀၀၀ကျပ်ပေးခဲ့သော်လည်း ယနေ့လစာထုတ်ရက်တွင် အချိန်ပိုတစ်လခ အတွက် ၄၀၀၀၀ကျပ်သာ ပေးသည့်အတွက် အလုပ်သမားများ စက်ရုံဝင်း အတွင်း ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်သည်ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်တစ်ဦးက တယ်လီဖုန်းဖြင့် အကြောင်းကြားသည်။

THE MYTH APPREL MYANMAR စက်ရုံဆန္ဒပြတောင်းဆိုမှုသည်ညနေ ၄ နာရီ ၁၅မိ နစ် မှ စတင်ကာ ည၁၁ နာရီကျော် အချိန် ထိကြာမြင့် ခဲ့သည် ၊လိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုး၊ ဒု-ဦးစီးမှူးဝင်းလှိုင်တင့်၊ လိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ညွှန်ချုပ်၊စစစ မှ ဗိုလ်ကြီးအောင်စိုးလင်း၊SB ရဲအုပ်မြင့်ဦးနှင့် တာဝန်ရှိသူများ ညှိနိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည့်အတွက် ယခင်ရရှိသောလုပ်ခ လစာ A အဆင့် ၅၁၇၀၀ ကျပ်၊ B အဆင့်၄၅၀၀၀ ကျပ်၊C အဆင့်၄၀၀၀၀ကျပ်၊အလုပ်သင် အဆင့် ၃၅၀၀၀ ကျပ်တို့ကို ၇.၁၀.၂၀၁၁ ရက်နေ့ ညနေ ၄ နာရီတွင်တစ်ဦးလျှင် ၂၀၀၀၀ကျပ်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း The Voice Weekly အဖွဲ့သားမှ ယင်းနေရာမှ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

နိုင်ငံရေးပါတီများမှ အလုပ်သမားဘက်မှ ၀င်ရောက်ညှိနိုင်ဆောင်ရွက်ခဲ့သော်လည်း စက်ရုံဝင်းထဲသို့ ၀င်ရောက်ခွင့်တားမြစ်ခြင်း ခံခဲ့ရသည်ကို တွေ့ရှိရသည်။ယခုဆန္ဒပြတောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံသည် ပြီးခဲ့သည့် လပိုင်းအတွင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လိုင်သာယာမြို့နယ်၏ တတိယမြောက်ဆန္ဒပြတောင်းဆိုသည့် အထည်ချုပ်စက်ရုံဖြစ်သည်။

သတင်း..The Voice Weekly