03 October 2011

ဥက္ကဋ္ဌရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည် သဘောထားကို ထည့်သွင်း စဉ်းစားမည်


အရှေ့တောင်အာရှ နိုင်ငံများ အသင်း(အာဆီယံ)က ၂၀၁၄ ခုနှစ်တွင် အသင်း၏ ဥက္ကဋ္ဌ ရာထူးအတွက် မြန်မာနိုင်ငံအား ဖိတ်ကြားမှုပြု၊ မပြု စဉ်းစားရန် ဒေါ်အောင်ဆန်း စုကြည် ၏ သဘောထားအမြင်ကို ထည့်သွင်း စဉ်းစားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက အေပီ သတင်းဌာနသို့ ပြောပြသည်။

နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီ ဂါဝါက ဆယ်စုနှစ် တစ်ခုအတွင်း အာဏာရှင် အစိုးရမှ ဒီမိုကရေစီသို့ အင်ဒိုနီးရှား၏ ကိုယ်ပိုင်အသွင်ကူး ပြောင်းမှုသည် မြန်မာနိုင်ငံအတွက် သင်ခန်းစာများ ရရှိနိုင်ကြောင်း၊ လောလောဆယ် အင်ဒိုနီးရှားနိုင်ငံ ရယူထားသည့် အာဆီယံအဖွဲ့ဥက္ကဋ္ဌ ရာထူးကို မြန်မာ နိုင်ငံသို့ လွှဲပြောင်း ပေးရေး မစဉ်းစားမီ မိမိသည် အောက်တိုဘာလ အတွင်း မြန်မာ နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း၊ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူရန် မြန်မာနိုင်ငံ၏ စိတ်အားထက်သန် မှုက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး များ ပိုမို လုပ်ဆောင်ရန် အားပေး ဆွဲဆောင်ရာ ရောက်စေ နိုင်ကြောင်း ပြောကြားသည်။



နာတာလီဂါဝါက ကျွန်တော့် အနေနဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ သဘောထားသာမက အရပ်ဘက် အဖွဲ့အစည်းရဲ့ အသံကိုပါ ကြားချင်၊ နားထောင် ချင်ပါတယ်။ ဒီသဘော ထားတွေက အပြောင်းအလဲ အရှိန်မြန်စေရန် ဘက်ပေါင်းစုံမှ အကျိုး သက်ရောက်မှု ရှိ မရှိ လေ့လာ ချိန်ဆသွားမယ်ဟု ပြောကြားခဲ့ သည်။ အာဆီယံသည် ၄င်းဆုံး ဖြတ်ချက်ကို မည်သည့်အချိန်တွင် ချမှတ်မည်ဟု ရှင်းလင်းစွာ မသိရ ပေ။

သို့သော် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံခေါင်းဆောင် များ၏ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရေး ကိစ္စကို ဆုံး ဖြတ်ဖွယ်ရှိသည်။ နာတာလီဂါဝါ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်တိုး တက်မှုများကို ကြိုဆိုသည်။

၎င်း က ဆူဟာတို၏ နှစ် ၃၀ ကြာ အာဏာရှင်အုပ်စိုးမှုမှ အင်ဒိုနီးရှား နိုင်ငံ လျင်မြန်စွာအသွင်ကူးပြောင်း မှုကို ရည်ညွှန်းလျက် ကျွန်တော် တို့မှာ ရည်ညွှန်းချက်တစ်ရပ် ရှိ တယ်ဟု ပြောကြားသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရှိ မိတ်ဆွေများနှင့် သင်ခန်းစာများ မျှဝေဖို့စိတ်အားထက်သန်ကြောင်း ပြောကြားသည်။

အရှေ့တောင် အာရှတွင် အကြီး မားဆုံးနှင့် ဩဇာတိက္ကမအရှိဆုံး အင်ဒိုနီးရှားနိုင်ငံသည် ဒေသ ဆိုင်ရာ အရေးကိစ္စများတွင် အစဉ် အလာအရ ပေါ်လွင်စွာ ပါဝင်ခဲ့ သည်။ အထူးသဖြင့် အင်ဒိုနီးရှား သည် အမေရိကန်ပြည်ထောင်စု၏ အားပေးမှုနှင့်အတူ လွန်ခဲ့သောနှစ် တွင်အထူးတလည် တက်ြွကသည့် အခန်းကဏ္ဍမှပါဝင်ခဲ့သည်။

အင် ဒိုနီးရှားသည် ယခုနှစ်အတွင်း အာ ဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်တိုက်ပွဲတွင် အပစ်အခတ် ရပ်စဲရေးရရှိရန် ကြားဝင် ဖျန်ဖြေခဲ့ သည်။ ထို့အပြင် အင်ဒိုနီးရှားသည် တရုတ်ပြည်နှင့် အာဆီယံနိုင်ငံအ များအပြား နှစ်ပေါင်းများစွာ နယ် မြေ အငြင်းပွားနေသော တောင် တရုတ်ပင်လယ်တွင် လုပ်ငန်းဆိုင် ရာ စံသတ်မှတ်ချက်တစ်ရပ်ချမှတ် ရန် ကြိုးပမ်းခဲ့သည်။ နိုဝင်ဘာလတွင် အင်ဒိုနီးရှား သည် အမေရိကန်၊ ရုရှား အပါ အဝင် အရှေ့တောင်အာရှ ခေါင်း ဆောင်များ၏ ပထမဆုံး ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

သတင်း..Venus News Journal ။