22 August 2011

ဧရာဝတီ တိုက်ပွဲ ။


ဧရာဝတီ တိုက်ပွဲ ။


ဟေ့ …
အကြောင်းဖန်မှ
ဗြောင်းဆန်အောင်
ပြောနေတာ
ဘာ … ဖြစ်လဲ..။

ဘာမှမဖြစ်ခင်က
ဘာမှမပြောခဲ့တာကို
ခုမှပြောတဲ့အခါ
ခါတော်မှီလို့ 
ထင်နေတာလား ။

ဟိုတုန်းကလည်း
မပြော ………….
ခုကျတော့လည်း
မပြော …………
အဲ………………
ပြောတဲ့သူကိုတော့
မပြောရတြဲ့သူတွေက
ဝေဖန်နေလေရဲ့ ….။

လုပ်နိုင်တဲ့သူက လုပ်ပြမယ်
ပြောနိုင်တဲ့သူက ပြောပြမယ်
နိုင်ရာဝန်ကို ယူကြတယ်
ဆိုရေးရှိမှ ဆိုအပ်ရာ၏
အချိန်သင့်မှ ပြောလို့ ရတယ်
အခွင့်ရှိမှ လုပ်လို့ ရတယ် ၊

ဒါတွေ ..ကို
သိရဲ့နဲ့
နားလည်ရဲ့နဲ့
မပြောရဲသူ
မလုပ်ရဲသူ
မပူးပေါင်း
မပါဝင်
ကိုယ့်ဘဝင်နဲ့ကိုယ်
နေသူတွေက
လုပ်နေသူတွေကို
ဝေဖန်လိုက်
ကဲ့ရဲ့လိုက်
အားအား ယားယား
မညီစကား
ဆိုလား ဆိုရဲ့
သွေးခွဲစကား
ပြောလား ပြောရဲ့
ဟေ့ …….
မကူညီလည်း
ဝင်မရှုပ်နဲ့ ….
ဧရာဝတီ ဆိုတာ
သမိုင်းနဲ့
ရာဇဝင်နဲ့
မိုးရွာမှ ဖြစ်လာတဲ့
ရေစီးချောင်း မဟုတ်ဘူး
တန်ဖိုး အဖုံဖုံ
အန္တရာယ် ကြုံ
မြစ်ဆုံကို ပူပင်လို့ 
ဒီကောင်တွေ ရင်ထဲမှာ
ပြောပြော
လုပ်လုပ်
မျိုးချစ် စိတ်ခံ
အမျိုးသားဟန်
အမျိုးသားမာန် ကို
မစော်ကားလေနဲ့ …။

ကိုဝိုင်ဝိုင်ကေ
(22.08.2011)