
တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် မထသ အမှတ်(၃)နှင့် အမှတ် (၁၀၇) ဟိုင်းလတ်ယာဉ်လိုင်းများ သြဂုတ် ၁၆ ရက်မှစ၍ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။ အဆိုပါ တက္ကသိုလ်ရိပ်သာလမ်း တစ်လျှောက် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရခြင်းမှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက်လျက် ရှိသည့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု အဆင်ပြေစေရေးအတွက် တက္ကသိုလ်ရိပ်သာလမ်း တစ်လျှောက် ပြေးဆွဲခဲ့သည့် ယခင်ယာဉ်လိုင်းများအား ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သြဂုတ် ၂၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။