25 August 2011

အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးနှင့် မျက်နှာချင်းဆိုင်လမ်းဘေးရှိ သက်တမ်းရင့်သစ်ပင်ကြီး ပြိုကျ လူ ၄ဦး ဒဏ်ရာရ


ရန်ကုန်မြို့၊ရွေဂုံတိုင် အုတ်လမ်းအနီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့ မျက်နှာချင်ဆိုင် လမ်းတစ်ဖက်ရှိ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီး သည် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခနှ်ုတွင် လဲပြိုမှု ဖြစ်ခဲ့ရာ လူ၎ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ရွှေဂုံတိုင် လမ်းမပေါ် ဖြတ်သန်းသွားနေသော ၁၀၇ ဟိုင်းလတ်ကားနှင့် ရွှေဧည့်သည်မှန်လုံကားတို့မှာ ပြိုကျသော သစ်ပင်၏ အကိုင်းအခက်များကြောင့် အဆိုပါ ကားနှစ်ဆင်းပေါ်မှ လူ ၄ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြိုလဲကျလာသော သစ်ပင်ကြောင့်၁၀၇ လိုင်း ကားခေါင်းပိုင်းပိကာ ယာဉ်ဘေးနှင့် ဘေးမှ ခရီးသည် ၂ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ ရွှေဧည့်သည် မှန်လုံကားမှာလည်း ရှေ့ကားမှန် ခွဲကာ ယာဉ်မောင်း တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဓိက ပြိုလဲခံရသည့် လက်ဖက်ရည်ဆိုင်မှ လူများထိခိုက်မှု မရှိသော်လည်း သစ်ပင်ပြိုကျမှု ကြောင့်ရွေဂုံတိုင် လမ်းပေါ် သွားလာနေသည့် ခရီးသည်တင်ယဉ်များ မှခရီးသည်အချို့ ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

`အဲဒီ သစ်ပင်အောက်မှာဖွင့်ထားတဲ့ ဆိုင်ထဲက လူတွေကတော့ ဘာမှ မဖြစ်လိုက်ဘူး။ သစ်ပင်က သစ်ပင်အောက်မှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ပေါ်ကိုလဲ ကျပြီး ကားလမ်းမပေါ် ရောက်လာတာ လိုင်းကားပေါ်က ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေတော့ ထိခိုက်ဒဏ်ရာတော်တော်လေးရသွားတယ်´ ဟု သစ်ပင်လဲကျသည့် နေရာမျက်နှာချင်းဆိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင်ရောက်ရှိနေသူတစ်ဦးက ပြောသည်။

အဆိုပါ သစ်ပင်ပိမှု ဖြစ်ပွားသည့် လက်ဖက်ရည်ဆိုင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လှုပ်ရှားမှု များကို စောင့်ကြည့်မှု ရှိနေသည့် ပြည်တွင်းထောက်လှမ်းရေး အသိုင်းအ၀ိုင်း တို့ဖြင့် ပုံမှန်စည်းကားတက်သည့် ဆိုင်ဖြစ်သော်လည်း ပြိုကျမှု ဖြစ်ပွားခဲ့သည့် အချိန်မှာ လာရောက်သူနည်းပါးတက်သေးသည့် နံနက်ပိုင်းစောစောဖြစ်သဖြင့် ယခုကဲ့သို့ အန္တရယ် ကင်းလွတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပတ်ဝန်းကျင် နေထိုင်သူတို့က ပြောသည်။

“အဖွဲ့ချုပ်မှာ ဆောင်ရွက်မှု တစ်စုံတစ်ရာရှိနေချိန်ဆို အချိန်ရွေးချယ်မှု မရှိပဲ အဲ့ဆိုင်လေးမှာ လူပြည့်နေတက်တယ်။ဒီနေ့တော့ အဖွဲ့ချုပ်မှာ ပုံမှန်နေ့တစ်နေ့ပဲ ဖြစ်နေတော့ မနက်စောစော စောင့်ကြည့်သူနည်းနေတာက ထိခိုက်မှုတွေကို နည်းပါးသွားစေတာပေါ့” အဆိုပါပတ်ဝန်းကျင် အနီးဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ယခုလဲပြိုသွားသည့် အပင်သည်နာဂစ်ကာလတွင်း ကြံခိုင်မှု ထိခိုက်ခံထားရသည့် အပင်ဖြစ်ပြီး နာဂစ်တိုက်ခတ်စဉ်က ကိုင်းကျိုးကြထားသည့် အပင်ဖြစ်ကြောင်း သိရသည်။

``သစ်ပင်က သက်တမ်းရင့်နေသလို နာဂစ်ဒဏ်လည်းထိထားတယ်။အပင်လဲလာပြီး ကြည့်တော့ အမြစ်တွေမှာ ပိုးကိုက်ထားလို့ ဆွေးနေတယ်´ ဟု အဆိုပါပတ်ဝန်းကျင်တွင်နေထိုင်သူ တစ်ဦးကပြောသည်။

အဆိုပါကုက္ကိုလ်ပင်သည် မျိုးစေ့တစ်ခုတည်းမှ ညီညောင်အပင်အဖြစ် နှစ်ပင်ခွထွက်ပေါ်နေခြင်း ဖြစ်ပြီး ယခုလဲပြိုသည့် အပင်မှာ ကားလမ်းမဖက်ခြမ်းရှိ အပင်ဖြစ်ပြီး ယင်းအပင်နှင့် တစ်ဆက်တည်းဖြစ်တည်နေသည့် အပင်ကျန်ရှိနေသေးကြောင်း အဆိုပါအပင်လဲပြိုလာနိုင်သည့် အန္တရယ် ရှိနေသေးကြောင်း ပတ်ဝန်းကျင် နေထိုင်သူတို့က ပြောကြားကြသည်။

သတင်း..အောင်ကိုကိုလတ်(မြစ်မခ)