21 August 2011

အဂတိလိုက်စားမှုကို မျိုးဆက်သစ်တို့အတွက် တိုက်ဖျက်သွားရမည်ဟုမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


(Times of India မှ “Fight to go on for generations, Says Suu Kyi” သတင်းကို YC မှ ဘာ သာပြန် ဆို သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားသူ Anna Hazare အတွက် နိုင်ငံတကာ အားပေးထောက်ခံမှုများ ပြသအားဖြည့်နေခြင်းနှင့်အတူ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း Hazare အား အခိုင်အမာ ထောက်ခံ အားပေးသူ တစ်ဦး ဖြစ်နေသည်ကို တွေ့ရှိရသည်။

Anna အား ဖမ်းဆီးမှုမတိုင်မှီ Times Now နှင့် သီးခြားပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် က Anna ၏ လှုပ်ရှားမှုသည် မျိုးဆက်များအတွက် ရှေ့ဆက် တိုက်ခိုက်ရလိမ့် မည် ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အကျင့်ပျက်ခြစား အဂတိလိုက်စားမှုကို နေရာတကာမှာ မုန်းတီးကြတယ်ဆိုတာကို Anna Hazare ရဲ့ လှုပ်ရှားမှုက ပြသနေပါတယ်ဟု သူမက ပြောကြားခဲ့သည်။ အိန္ဒိယနှင့် ကမ္ဘာတစ်လွှားတွင် အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်နေသူ ပြည်သူများအတွက် ဤအချက်သည် အရေးကြီး သည်ဟု ဒီမိုကရေစီ ထွန်းကားရေး အတွက် တိုက်ပွဲဝင်နေသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က ဆိုသည်။

“အဂတိလိုက်စားမှု ဆန့်ကျင်ရေးတိုက်ပွဲကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း တိုက်ပွဲဝင်သွားကြရမယ်” ဟု သူမက ပြောကြားခဲ့ သည်။

ဓာတ်ပုံ ...AP