11 November 2010

 နိုင်ငံတကာနှင့်ပြည်တွင်းတွင် အကြီးအကျယ်ဝေဖန်ခံခဲ့ရသော မသမာတဲ့နအဖရွေးကောက်ပွဲကို တရုတ်နှင့် အာဆီယံချီးကျူး

နိုင်ငံတကာနှင့်ပြည်တွင်းတွင် မသမာမှုစွဲချက်များဖြင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရသော မြန်မာရွေးကောက်ပွဲများကို တရုတ်အစိုးရနှင့် အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံတို့က ချီးကျူးခဲ့ကြသည်ဟုသိရသည်။

"ဒါဟာ မြန်မာနိုင်ငံမှာ ရွေးကောက်တင်မြှောက်ခံ အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ မူဝါဒလမ်းစဉ်ခုနှစ်ရပ် အတိုင်းအကောင်အထည်ဖော်ရာမှာ အရေးပါတဲ့အဆင့်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကြိုဆိုရမှာပါ"ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် တည်တည်ငြိမ်ငြိမ် ချောချောမွေ့မွေ့နှင့် ပြီးသွားခဲ့ကြောင်း ဟောင်လီက ဆိုသည်။ တရုတ်သည် မြန်မာနိုင်ငံသို့ လက်နက်အဓိကရောင်းချသည့် နိုင်ငံဖြစ်သလို သဘာဝဓာတ်ငွေ့ပြန်လည်ဝယ်ယူသည့် နိုင်ငံလည်းဖြစ် သည်။

အာဆီယံအဖွဲ့၏အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်ကလည်း မြန်မာနိုင်ငံ၏ နှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သော ရွေးကောက်ပွဲသည့် ထင်သာမြင်သာသည့် ရှေ့သို့ချီသော ခြေလှမ်းတစ်ရပ်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။

မြန်မာနိုင်ငံအတွင်း တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီပြုမှုလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်ရန် အာဆီယံက နှိုးဆော်ပါကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

မြန်မာရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရ၊ ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန် အပါအ၀င်နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေစဉ်တွင် တရုတ်နှင့်အာဆီယံက မြန်မာနိုင်ငံဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်း ဖြစ်သည်။



Ref; AFP, China praises much-criticised Myanmar election