13 November 2010

ယခု ရရှိသော ဒေါ်အောင်ဆန်းစုကြည် ၏ နောက်ဆုံးသတင်း

ယခု နောက်ဆုံးသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်ခြံရှေ့သို့ အဖွဲ့ချုပ်ခေါင်းဆောင် များဖြစ်ကြသော ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ နေလည်ပိုင်းတွင် ရောက်ရှိပါသည်ဟု သတင်းရရှိပါသည်.။

တက္ကသိုလ်ရိပ်သာလမ်း တွင် အာဏာပိုင် များ၏လုံခြုံရေး ဂိတ် ကတော့ လုံးဝ မရှိတော့ပါဘူးဟု သတင်းရရှိပါသည်.။ ခြံရှေ့ တွင်ထားရှိသော လုံခြုံရေးဂိတ် ကတော့ ရှိနေဆဲလို့ သိရှိရပါသည်.။

သူမ ၏နေအိမ်ခြံရှေ့ တွင် နိုင်ငံခြားသတင်းထောက်များနှင့် နအဖရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်များလဲ ရောက်ရှိနေပါသည်.။ပြည်သူများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များလည်းရှိနေပါသည်.။ပြည်သူလူထု အမြောက်အများ ရောက်ရှိနေကြပါသည့်ဟု သတင်းရရှိပါသည်.။

သူမ၏ခြံရှေ့တွင်ပြည်သူလူထု (၁၀၀၀)ကျော်လောက်စောင့်ကြို နေကြပါတယ်လို့သိရပါသည်.။ပြည်တွင်း ပြည်ပ
သတင်းထောက် ရာကျော်ကိုလဲ တွေ့မြင်နေရပါသည်.။အရပ်ဝတ် ထောက်လှမ်းရေးများကလည်း တော်တော်များများရောက်ရှိနေသည်ဟုလည်းသိရှိရပါသည်.။

ရန်ကုန်မြို့တွင်းမှာလည်း လုံထိန်းကားများ လှည့်လည် နေကြပါတယ်လို့လည်းသိရှိရပါသည်.။နအဖ ရဲ့ လက်ကိုင်တုတ်များ လည်း အများအပြား သူမ၏ ခြံရှေ့တွင် လည်း ရှိနေပါတယ်လို့ သိရှိရပါသည်.။

ညနေခင်း တက္ကသိုလ်ရိပ်သာ လမ်းတွင် ပြည်သူ လူထု ထောင်ပေါင်းများစွာ ရောက်ရှိ နေကြပါသည်.။ပြည်သူများအား စည်းကမ်း ရှိစွာ နေပေးဘို့ကို ဘဘဦးဝင်းတင် မှ လာရောက် ပြောကြားခဲ့ပါတယ်လို့လည်းသိရှိရပါသည်.။

ညနေခင်း ၅နာရီ အချိန်တွင် သူမ၏ အိမ်ရှေ့ မှ ဂိတ်ကိုသိမ်းနေပါသည်ဟု သတင်း ရရှိပါသည်.။သတင်း သေချာအောင် ဆက်လက် စုံစမ်းနေဆဲပါ.။

သူမ ၏ ရှေ့နေကြီး ဦးဥာဏ်ဝင်းက သတင်းဌာနများကို ပြောထားတာ ကတော့ ၁၃ရက်နေ့ မှာတော့သူမ၏ လွတ်မြောက်ရက်စေ့တာပါဘဲ၊ သူတို့ဥပဒေအတိုင်းဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က ည(၇)နာရီ၊... အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့ ည(၇)နာရီ ဖြစ်မယ်လို့လည်း ပြောဆိုထားခဲ့ပါတယ်.။