07 November 2010

နအဖ ရဲ့ အတုအယောင်ရွေးကောက်ပွဲ အား ဂျပန်သတင်းဌာန APF မှသတင်းသွားယူခဲ့သော ဂျပန် သတင်းထောက် အားဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခံနေရဆဲ

နိုဝင်ဘာလ (၇) ရက် မှာ ထိုင်းမြန်မာနယ်စပ် တံတားအောက်ကနေ ဘောနဲ့ နံနက် ၈း၃၀ မှာ မြ၀တီကို ကူးပြီး ၀င်ရောက်သတင်းရယူသူဂျပန်နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ် ဘောပင်ဗွီဒီယိုကင်မ၇ာတချောင်း၊ ဂျပန်ဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး ၊ နှင့် APF သတင်းဌာန ကဒ်ပြား နှင့် passport တို့ နှင့်အတူ ဖမ်းစီးခံရပြီး အခု မြ၀တီ ရဲစခန်းမှ စစ်ဆေးမေးမြန်းရန်အတွက် စစ်ကြောရေးစခန်းသို့ ပို့ ဆောင်လိုက်ကြောင်းအခု သတင်းရရှိပါတယ်။သတင်းအသေးစိတ် အားထပ်မံဖော်ပြပေးသွားပါမည်

မြတ်လေးငုံ