10 November 2010

မြ၀တီမြို့တွင် နအဖအာဏာပိုင်များဖမ်းဆီးထားသူဂျပန် သတင်းသမား Toru Yamaji ပြန်လွတ်ပြီး


မြန်မာအာဏာပိုင်တို့က သတင်းသမား Toru Yamaji ကို အင်္ဂါနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။ ရွေးကောက်ပွဲသတင်းယူရန် မြန်မာပြည်သို့ သွားရောက်စဉ် ၂ ရက်ကြာ ထိန်းသိမ်းခံရပြီး လွတ်လာခြင်း ဖြစ်သည်ဟု ဘန်ကောက်မြို့ ဂျပန်သံရုံးက ပြောသည်။ Yamaji သည် ကလောင်အမည် ဖြစ်သည်။ သူ၏ အမည်ရင်းမှာ Toru Matsumoto ဖြစ်သည်။

တိုကျို အခြေစိုက် APF သတင်းဌာန အကြီးအကဲ အသက် ၄၉ နှစ် အရွယ် Yamaji သည် မြ၀တီမြို့မှ ပြန်လည် လွတ်မြောက်လာပြီး နောက်တွင် ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ ရောက်လာသည်ဟု ဂျပန် သံအရာရှိတို့က ပြောသည်။

Yamaji သည် တနင်္ဂနွေနေ့က ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီသို့ သွားရောက်စဉ် တရားမ၀င် ၀င်ရောက်မှုဖြင့် ထိန်းသိမ်းခံရသည်။

သတင်းသမား Yamaji ၏ ကျန်းမာရေး ကောင်းမွန်ပုံရသည်ဟု သံတမန်တို့က ပြောသည်။

သတင်းရင်းမြစ်...မိုးမခ